ဇာတ်ကားများ ရွေးရန်

RRR

2022ဇာတ်ကားWeb-dl 4K SDR

အက်ရှင်ဇာတ်လမ်းကောင်းတွေကိုနှစ်သက်တဲ့ပရိသတ်ကြီးအတွက် 'RRR' ဆိုတဲ့အိန္ဒိယကားသစ်‌ေလးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒိတ်ဒိတ်ကြဲနာမည်ကြီးတွေဖြစ်တဲ့NT Rama Rao Jr, Ram Charan, Ajay Devgn တို့အပြင်ဂန်ဂူဘိုင်ကားကမင်းသမီး Alia Bhatt လည်းပါဝင်သရုပ်‌ေဆာင်ထားလို့ လက်လွှတ်မခံသင့်တဲ့ကားလေးဖြစ်ပါတယ်နော်။ ဇာတ်လမ်းကိုအကျဉ်းချုပ်မိတ်ဆက်ပေးရရင် ၁၉၂၀ခုနှစ်အိန္ဒိယကိုဗြိတိသျှတွေအုပ်စိုးစဥ်အချိန် ဘုရင်ခံစကေ့ာနဲ့သူ့ရဲ့ဇနီးဖြစ်သူဟာ အမဲလိုက်ထွက်ရင်းနဲ့ တောထဲမှာ‌ေနတဲ့ဂွန်းမျိုးနွယ်စုက ကလေးမလေးတစ်ယောက်ကို အတင်းအကျပ်ခေါ်ဆောင်သွားတယ်။ သူတို့မျိုးနွယ်စုရဲ့ဘင်းက ကလေးမကိုပြန်ခေါ်ဖို့ ဒေလီကိုတက်လာတယ်။ ဗြိတိသျှတွေလက်ထဲကကလေးကယ်နိုင်ပါ့မလား။ ဗြိတိသျှတွေကရော ဒီတိုင်းထိုင်ကြည့်နေမှာလေး ဘင်းတစ်ယောက်ဒေလီမှာ ဘာတွေကြုံတွေ့ရမလဲ။ ဒေလီမှာညီအစ်ကိုလိုရင်းနှီးသွားတဲ့ ရာဂျူးနဲ့ရော ဘယ်လိုဇာတ်လမ်းတွေရှိဦးမလဲ။ ဆိုတာတွေကို စိတ်ဝင်တစားကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ မျိုးချစ်စိတ်ဆိုတာဘာလဲ။ တော်လှန်ရေးဆိုတာဘာလဲ။ သေချာလေးရိုက်ပြထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ Lilly ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း