ဇာတ်ကားများ ရွေးရန်

I

2015ဇာတ်ကားWeb-dl 4K SDR

ဇာတ်ကားမှာတော့ လင်ဂီဆာလ်ဟာ ကာယဗလမောင်ပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် အသည်းအသန်ကြိုးစား‌လေ့ကျင့်နေသူဖြစ်တယ်။သူ့ဘ၀ရဲ့ အဓိကရည်မှန်းချက်၂ခုကတော့ အိန္ဒိယကာယဗလမောင်ပြိုင်ပွဲကို အနိုင်ရဖို့နဲ့ သူသဘောကျတဲ့မော်ဒယ်မလေးဒီလ်ရာနဲ့တွေ့ခွင့်ရဖို့ပဲဖြစ်တယ်။မျှော်လင့်ထားတဲ့အိန္ဒိယကာယဗလမောင်ပြိုင်ပွဲကို ၀င်ပြိုင်ရမဲ့အချိန်မှာဘဲ မော်ဒယ်မလေးဒီလ်ရာက တရုတ်မှာကြော်ညာအတူရိုက်ပေးဖို့အတွက် လင်ဂီဆာလ်ကို ကမ်းလှမ်းလာခဲ့တယ်။ ဒီလ်ရာကို သဘောကျနေတဲ့ လင်ဂီဆာလ်လဲ သူ့ဘ၀မျှော်လင့်ချက်ဖြစ်တဲ့ အိန္ဒိယကာယဗလမောင်ပြိုင်ပွဲကိုစွန့်လွှတ်ကာ ကြော်ညာရိုက်ကူးဖို့အတွက် ဒီလ်ရာနဲ့အတူတရုတ်ကို လိုက်သွားခဲ့တယ်။ဒီလ်ရာနဲ့ တွဲဖက်ရိုက်ကူးရမဲ့မူလမော်ဒယ်မင်းသားဂျွန်ကတော့ ဒီလ်ရာက သူ့အစား လင်ဂီဆာလ်ကို ခေါ်သွားမှန်းသိသွားတဲ့အခါ လင်ဂီဆာလ်ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်တစ်မျိုးထိုးသွင်းကာ လင်ဂီဆာလ်ကို ခါးကုန်းရုပ်ဆိုးကြီးဖြစ်သွားအောင်လုပ်လိုက်တော့တယ်။လင်ဂီဆာလ်တစ်ယောက် သူ့ရဲ့မူလပုံစံကို ပြန်ရအောင်လုပ်နိုင်ပါ့မလား။သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ပြီးတော့ ဒီလ်ရာနဲ့ရောနီးစပ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း