ဇာတ်ကားများ ရွေးရန်

Tumbbad

2018ဇာတ်ကားWeb-dl 1080p

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Tumbbad လေးကိုတင်ပေးလိုက်ပါတယ်။ Tumbbad ဇာတ်ကားမှာတော့ Tumbbadရွာက မိသားစုတစ်စုဟာ ချမ်းသာကြွယ်၀မှုတွေကို လောဘတက်ပြီးတော့ မကိုးကွယ်မပူဇော်သင့်တဲ့နတ်ဘုရားဟတ်စတာကို နတ်ကွန်းဆောက်ပေးပြီး ဟတ်စတာရဲ့ကျိန်စာသင့်ရွှေဒင်္ဂါးတွေကို လက်၀ါးကြီးအုပ်ခိုးယူဖို့ ကြံစည်ခဲ့တယ်။ဗီနာကာလ်အဖွားကတော့ ဟတ်စတာရဲ့ရွှေဒင်္ဂါးတွေကို ခိုးယူဖို့ ကြိုးစားမိခဲ့တာကြောင့် ကျိန်စာသင့်ကာ အမြဲဆာလောင်နေပြီး ကြောက်စရာအသွင်အပြင်နဲ့ အသက်ဆက်ရှင်သန်နေခဲ့ရတယ်။ချမ်းသာချင်တဲ့ဗီနာကာလ်က အဖွားဆီကနေ ဟတ်စတာရဲ့ရွှေဒင်္ဂါးတွေရှိတဲ့နေရာကိုမေးပြီးတော့ ရွှေဒင်္ဂါးတွေကို ခိုးယူရင်း ချမ်းသာလာခဲ့တယ်။သားဖြစ်သူမွေးဖွားလာတော့လဲ ဗီနာကာလ်တစ်ယောက် သားကို ဟတ်စတာရဲ့ ရွှေဒင်္ဂါးတွေကိုခိုးယူနိုင်ဖို့ သင်ကြားပေးခဲ့တယ်။ဗီနာကာလ်နဲ့သူ့သားတို့၂ယောက်သား ဟတ်စတာရဲ့ကျိန်စာမသင့်ဘဲနဲ့ ရွှေဒင်္ဂါးတွေကို ဆက်ခိုးယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း