ဇာတ်ကားများ ရွေးရန်

Baghead

2023ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Horror အမျိုးအစားဇာတ်လမ်းဖြစ်ပြီး The Witcher Series က မင်းသမီးချောလေး Freya Allan ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အိုင်းရစ်ဟာ ဒုက္ခပေါင်းများစွာထဲမှာ ရုန်းကန်ရင်း ရှင်သန်နေရတဲ့သူတစ်ယောက်ပါ။ ငယ်ငယ်လေးကတည်းက သူ့အမေဆုံးပါးသွားပြီး စောင့်ရှောက်ရေးဂေဟာမှာကြီးပြင်းလာခဲ့ရသလို သူ့အဖေကို မှတ်တောင်မမှတ်မိပါဘူး။ တစ်နေ့မှာတော့ တစ်ခါမှမမြင်ဖူးတဲ့အဖေဖြစ်သူသေဆုံးသွားလို့ အရက်ဆိုင်တစ်ဆိုင်ကို အမွေရလိုက်တယ်လို့ ရှေ့နေတစ်ယောက်က အိုင်းရစ်ကိုဆက်သွယ်လာခဲ့တယ်။ ဒီတော့ အိုင်းရစ်ဟာ ရှေ့နေနဲ့သွားတွေ့ပြီး ပိုင်ဆိုင်မှုလွဲပြောင်းဖို့အတွက် စာချုပ်မှာလက်မှတ်ထိုးခဲ့ပါတယ်။ အိုင်းရစ်ဟာ ဒီဆိုင်ကြီးကိုရောင်းပြီး ကိုယ်ပိုင်အိမ်တစ်လုံးဝယ်မယ်လို့စိတ်ကူးပြီး ရက်ပိုင်းလောက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ အိုင်းရစ်ဟာ သူ့အဖေရဲ့ပစ္စည်းတွေကို မွှေနှောက်ရင်းနဲ့ တိတ်ခွေတွေတွေ့လို့ ဖွင့်ကြည့်လိုက်တဲ့အခါ သူ့အဖေရဲ့မှတ်တမ်းဗီဒီယိုတွေ ဖြစ်နေပြီး မြေအောက်ခန်းက မကောင်းဆိုးဝါးရဲ့အကြောင်းကို သတိပေးထားတာပါ။ အဲဒီတော့ အိုင်းရစ်ဟာ အမှတ်မထင်ရလိုက်တဲ့အမွေနဲ့အတူ မကောင်းဆိုးဝါးတစ်ကောင်ပါ ပါလာတဲ့အခါ ဘယ်လိုရှေ့ဆက်သွားမလဲ။ မြေအောက်ခန်းထဲကမကောင်းဆိုးဝါးရဲ့နောက်ကြောင်းကရော ဘာတွေဖြစ်နေမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း