ဇာတ်ကားများ ရွေးရန်

Vikram

2022ဇာတ်ကားWeb-dl 4K SDR

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Vikram 4K လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် အက်ရှင်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်အခုတစ်ခါညွှန်းပေးချင်တဲ့ကားကတော့ 'ဗစ်ကရမ်'ဆိုတဲ့ဒီကားလေးပါ။ဇာတ်လမ်းအကျဥ်းကတော့ အာမာဆိုတဲ့လူတစ်ယောက်ဟာ အစိုးရမသိအောင်လှုပ်ရှားနေတဲ့ တပ်ဖွဲ့နက်ဆိုတဲ့လျှို့ဝှက်စုံထောက်အဖွဲ့ထဲကခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာမျက်နှာဖုံးစွပ်ထားတဲ့အကြမ်းဖက်သမားသုံးလေးယောက်က ရာထူးအမြင့်တန်းမှာရှိတဲ့အရာရှိတွေကို ရွေးပြီးသတ်ဖြတ်တဲ့ဗွီဒီယိုတွေရဲဌာနကိုရောက်ရှိလာခဲ့ပါတယ်။ဒီလိုလုပ်ရတဲ့အကြောင်းအရင်းနဲ့မျက်နှာဖုံးနောက်ကွယ်ကလူတွေဟာဘယ်သူတွေလဲဆိုတာကိုစုံစမ်းဖို့ အာမာတို့တပ်ဖွဲ့ကိုရဲတပ်ဖွဲ့ကတာဝန်ပေးအပ်လိုက်ပါတယ်။ အာမာနဲ့သူ့အဖွဲ့သားတွေကမျက်နှာဖုံးစွပ်ကြေးစားလူသတ်သမားတွေရဲ့နောက်ကြောင်းကိုလိုက်စုံစမ်းရင်း ထင်မှတ်မထားတဲ့အမှန်တရားတွေပေါ်လာတဲ့အခါ အာမာတစ်ယောက်ဘာဆက်လုပ်မလဲ ဒီမျက်နှာဖုံးစွပ်လူတွေရဲ့သရုပ်မှန်ကိုရောသူတကယ်ရှာဖွေဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုကြည့်ရင်း အက်ရှင်နှင့်တကွစိတ်လှုပ်ရှားစရာတွေကိုပါတစ်ပြိုင်တည်းခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း