ဇာတ်ကားများ ရွေးရန်

Damaged

2024ဇာတ်ကားWeb-dl 1080p

အသက်ကြီးပေမဲ့မပျက်စီးသေးတဲ့ မားသာဖားကားကြီး Samuel L.Jackson ရဲ့ Damaged ဆိုတဲ့မှုခင်းစုံ‌ထောက်ကားအသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။မထင်မှတ်ထားတဲ့ဇာတ်လမ်းလှည့်ကွက်တွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့စုံထောက်ကားတွေကြည့်ချင်တယ်ဆိုရင်တော့ဒီကားကိုကြည့်ဖို့ညွှန်းပေးလိုက်ပါတယ်။အမေရိကန်မှာကောင်မလေးတွေကိုရက်ရက်စက်စက်ကိုယ်လက်အင်္ဂါတွေဖြတ်တောက်ပြီးလက်ဝါးကပ်တိုင်ပုံနဲ့ထားထားခဲ့တတ်တဲ့ကွင်းဆက်လူသတ်သမားတစ်ယောက်ကသောင်းကျန်းနေခဲ့ပါတယ်။သူ့ရဲ့လူသတ်ပုံတွေကရက်စက်သလိုဉာဏ်ကလဲကောင်းတဲ့အတွက်သူ့ကိုဘယ်လိုမှဖမ်းမမိခဲ့တဲ့အပြင်တရားခံဘယ်သူမှန်းတောင်အစအနရှာမရခဲ့ပါဘူး။ဒီလိုနဲ့ခြောက်နှစ်လောက်ကြာတဲ့အခါမှာတော့ယူကေမှာအဲ့လိုပုံစံတူလူသတ်မှုတွေပြန်ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့အဲ့ဒီအမှုအတွက်အကူအညီရအောင်အမေရိကန်မှာတုန်းကကွင်းဆက်လူသတ်သမားနောက်လိုက်ခဲ့တဲ့အမှုကိုကိုင်ခဲ့တဲ့စုံထောက်လောဆန်ကယူကေကိုရောက်လာခဲ့ပြီးစုံထောက်ဂလန်နဲ့အတူတူစတင်စုံစမ်းစစ်ဆေးခဲ့ကြပါတော့တယ်။ဒါပေမယ့်ဒီတစ်ခေါက်မှာတော့ဒီအမှုကိုအတွေ့အကြုံရှိပြီးသားစုံထောက်တစ်ယောက်ကတစ်ပုံစံတည်းဖြစ်နေတဲ့လူသတ်မှုတွေကိုလာရောက်ကူညီစစ်ဆေးပေးတဲ့အခါမှာတော့ ယူကေမှာဖြစ်နေတဲ့လူသတ်မှုတွေကရောအရင်ကလူသတ်သမားပဲလား ဒါမှမဟုတ် သူ့ပုံစံတွေကိုလိုက်တုပပြီးသတ်နေတဲ့ကွင်းဆက်လူသတ်သမားလားဆိုတာကိုဖော်ထုတ်သွားနိုင်မလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း