ဇာတ်ကားများ ရွေးရန်

Scoop

2024ဇာတ်ကားWeb-dl 1080p

BBC ကိုမြင်လိုက်တာနဲ့ကမ္ဘာ့အကြီးမားဆုံးသတင်းဌာနကြီးတွေထဲကတစ်ခုအပါအဝင်ဆိုတာကိုတော်တော်များများကတန်းသိကြမှာပါ။တခြား BBC ကိုပြောတာမဟုတ်ပါဘူးနော် အတွေးမမှားပါနဲ့။BBC ကတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့အောင်မြင်နေတဲ့သတင်းဌာနတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံအပါအဝင်တခြားနိုင်ငံပေါင်း ၂၀၀ ကျော်မှာပါရပ်တည်နေတဲ့သတင်းဌာနတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီလိုအောင်မြင်လာဖို့ဆိုတာလွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။အမှန်ကန်ဆုံးသတင်းတွေကိုအမြန်ဆန်ဆုံးတင်ဆက်ပေးနိုင်အောင်ရှိသမျှဝန်ထမ်းတစ်ယောက်မကျန်အစဉ်မဆက်အမြဲတမ်းအစွမ်းကုန်ကြိုးစားနေရပါတယ်။ အခုတင်ဆက်ပေးမဲ့ Scoop ဆိုတဲ့ဖြစ်ရပ်မှန်ဇာတ်ကားထဲမှာ အမေရိကန် BBC မှာ ၂၀၁၀ ခုနှစ်လောက်တုန်းကဖြစ်ခဲ့တဲ့အသက်မပြည့်သေးတဲ့မိန်းကလေးတွေကိုလိင်အမြတ်ထုတ်လိင်ကုန်ကူးနေတဲ့ဖြစ်ရပ်ဖြစ်ပြီး ၉ နှစ်အကြာမှာအဲ့ဒီအမှုရဲ့တရားခံနဲ့ဘက်ကင်ဟမ်နန်းတော်ကဘုရင်မကြီးရဲ့အချစ်ဆုံးသားဖြစ်တဲ့နယူးယောက်မြို့စားကြီးတို့ရဲ့ဆက်နွယ်နေမှုအကြောင်းတွေနဲ့အခြားသောအကြောင်းအရာတွေကိုထုတ်ဖော်တင်ဆက်နိုင်ဖို့ BBC ဝန်ထမ်းတွေဘယ်လိုကြိုးစားအားထုတ်ခဲ့ကြတယ်ဆိုတာကိုရုပ်ရှင်ဆန်ဆန်ရိုက်ကူးပြသထားတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း