ဇာတ်ကားများ ရွေးရန်

Love, Divided

2024ဇာတ်ကားWeb-dl 1080p

အချစ်ဒရာမာဇာတ်လမ်းကောင်းကောင်းလေးတွေကြည့်ချင်တဲ့သူတွေအတွက် Romantic ဆန်ဆန်ပြင်သစ်ဒရာမာကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Love Divided ဖြစ်ပြီးလက်ရှိ IMDb Rating 5.9 ရရှိထားပါတယ်။ဇာတ်ကားလေးရဲ့မြန်မာလိုအဓိပ္ပာယ်ကပိုင်းခြားထားတဲ့အချစ်လို့အဓိပ္ပာယ်ရပြီး ဘယ်သူတွေရဲ့အချစ်ကိုဘယ်အရာကပိုင်းခြားထားတာလဲဆိုတော့ ဗလန်တီးနားနဲ့ဒေးဗစ်ဆိုတဲ့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ကြားမှာနံရံတစ်ခုခြားထားတာပါ။ဟုတ်ပါတယ် တကယ့်နံရံကြီးခြားနေတာပါ။ဇာတ်လမ်းကဘယ်လိုစလဲဆိုရင် ဒေးဗစ်ဆိုတဲ့အိမ်ထဲကအိမ်ပြင်မထွက်တဲ့ Introvert ကောင်လေးတစ်ယောက်ရဲ့တိုက်ခန်းဘေးကို ဗလန်တီးနားဆိုတဲ့စန္ဒယားတီးတဲ့အနုပညာရှင်ကောင်မလေးပြောင်းလာရာကနေစပါတယ်။သူတို့အခန်းနှစ်ခုကြားကနံရံကအရမ်းပါးလွန်းတဲ့အတွက်ဒီဖက်တိုက်ခန်းကအီးပေါက်ရင်တောင်ဟိုဖက်ကိုကြားနေရတော့နှစ်ဖက်လုံးအတွက်အဆင်မပြေကြပါဘူး။ အဲ့လိုနဲ့စစချင်းမှာအပြန်အလှန်ဆူညံသံတွေနဲ့တိုက်ပွဲတွေဖြစ်ကြပြီးနောက်ပိုင်းမှာတော့မခံစားနိုင်တော့ပဲငြိမ်းချမ်းရေးယူလိုက်ကြပါတော့တယ်။အစမှာရန်သူတော်တွေလိုဖြစ်နေခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့ဟိုဖက်ဒီဖက်နံရံတစ်ခုခြားပြီးစကားတွေပြောတာကြာလာတဲ့အခါမှာသံယောဇဉ်တွေတွယ်လာကြပြီးဘယ်လိုဒရာမာဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမယ်ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း