ဇာတ်ကားများ ရွေးရန်

Yuva

2024ဇာတ်ကားWeb-dl 1080p

Yuvaဇာတ်ကားမှာတော့ ယူလ်ဗာဟာ နပန်းချန်ပီယံတစ်ယောက်ဖြစ်လာဖို့ အိမ်မက်တွေရှိခဲ့ပေမဲ့ မသမာသူတွေလက်ချက်ကြောင့် သူ့အိမ်မက်တွေတစ်စစီဖြစ်သွားတဲ့အပြင် ဖခင်ဖြစ်သူရဲ့ ယုံကြည်မှုကိုပါ ဆုံးရှုံးသွားခဲ့တယ်။အိမ်ကထွက်လာပြီး ကောလိပ်ကျောင်းမှာ အဆောင်နေပြီး ကျောင်းတက်နေပေမဲ့ ကျောင်းက နယ်ခံကျောင်းသားတွေရဲ့အဆောင်နေကျောင်းသားတွေကို ဖိနှိပ်မှုကြောင့် ယူလ်ဗာတစ်ယောက် နယ်ခံကျောင်းသားတွေနဲ့ ရန်ပွဲတွေဖြစ်ပွားခဲ့တာမို့ ကျောင်းအုပ်က ယူလ်ဗာတို့အဖွဲ့ကို ကျောင်းရပ်နားလိုက်တော့တယ်။ယူလ်ဗာတစ်ယောက် အိမ်ကိုအရွဲ့တိုက်ပြီး ဆိုးသွမ်းချိန်မှာ ယူလ်ဗာအဖေရှန်ကာလ်ကလဲ မိသားစုရဲ့ငွေရေးကြေးရေးဖိအားတွေနဲ့ ယူလ်ဗာအမရဲ့လက်ထပ်ပွဲအကြွေးတွေကြောင့် စိတ်ဖိစီးနေခဲ့တယ်။ တစ်နေ့မှာ ယူလ်ဗာအဖေတစ်ယောက် အိမ်ကပျောက်သွားချိန်မှာတော့ အကြွေးရှင်တွေက အိမ်ကိုရောက်လာပြီး အိမ်ရဲ့တာ၀န်တွေက ယူလ်ဗာခေါင်းပုံရောက်လာပါတော့တယ်။ကောလိပ်မှာဆိုးသွမ်းနေတဲ့ ကောလိပ်ကျောင်းသားယူလ်ဗာတစ်ယောက် လူကြီးတစ်ယောက်ရဲ့တာ၀န်၀တ္တရားတွေကို တာ၀န်ယူပြီး မိသားစုကို စောင့်ရှောက်နိုင်ပါ့မလား။သူ့အိမ်မက်တွေကိုရော အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း