Alienoid: The Return to the Future
ကိုရီးယားတွေကနန်းတွင်းကားတွေကိုရှယ်ရိုက်တတ်ကြသလို ခေတ်ပေါ်ကားတွေမှာလဲနိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်အောင်အမြဲတမ်းကြိုးစားချပြနေတာကိုတော့မငြင်းနိုင်ပါဘူး။တီထွင်ဆန်းသစ်တဲ့ဒီလိုအရာနှစ်ခုကိုပေါင်းစပ်ရိုက်ကူးလိုက်တဲ့အခါမှာတော့ Alienoid လိုတကယ်ကောင်းတဲ့ရုပ်ရှင်တစ်ကကားထွက်ချလာပါတော့တယ်။အဲ့ဒီ Alienoid ပထမဆုံးကားက 2022 ခုနှစ်မှာထွက်ရှိခဲ့ပြီးအခုအချိန်မှာတော့ ဒုတိယမြောက်ကားအနေနဲ့ Alienoid :The Return To The Future ဆိုပြီး IMDb Rating 6.6 နဲ့ထွက်ရှိလာတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။Alienoid လို့ပြောလိုက်ရင် ဂြိုလ်သားတွေ အရင်ခေတ်နဲ့လက်ရှိခေတ်တွေကိုအချိန်ခရီးသွားနဲ့ပေါင်းစပ်ထားတာတွေအပြင် တခြားထူးပေ့ဆန်းပေ့အရာတွေကိုတန်းမြင်ရမှာပဲဖြစ်ပါတယ်။ဒီတော့အချိန်မဆွဲပဲဒုတိယမြောက်ကားလေးရဲ့အကျဉ်းချုပ်အကြောင်းပြောရမယ်ဆိုရင်တော့ ဂြိုလ်သားတွေကဟိုးအရင်ခေတ်ကတည်းကသူတို့ရဲ့အကျဉ်းသားတွေကိုကမ္ဘာပေါ်ကလူတွေရဲ့ခန္ဓာကိုယ်ထဲမှာချုပ်နှောင်ထားကြတဲ့ဓလေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်အကျဉ်းသားတွေရဲ့ထုံးစံအတိုင်းလွတ်လမ်းကိုမရရအောင်ရှာပြီးထိန်းချုပ်သူဆိုတဲ့စူပါဗီလိန်ကြီးကလွတ်မြောက်သွားပါတော့တယ်။လွတ်လာလို့မပြောင်းလဲသွားတဲ့အပြင် ဟာဗာလို့ခေါ်တဲ့အဆိပ်ငွေ့တိမ်တိုက်ကြီးတွေကိုသုံးပြီးကမ္ဘာပေါ်ကလူတွေအားလုံးကိုသတ်ပြီးအုပ်စိုးဖို့ကြံပါလေရော။အဲ့ဒါကြောင့်ထိန်းချုပ်သူဆိုတဲ့စူပါဗီလိန်ကြီးကိုနှိမ်နင်းဖို့အတွက်ရှေးခေတ်နဲ့လက်ရှိအနာဂတ်ကတာဝန်ရှိသူတွေဘယ်လိုကြိုးစားရုန်းကန်ကြတယ်ဆိုတာကိုရသမျိုးစုံနဲ့ပေါ့ပေါ့ပါးပါးအလန်းစားကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း