ဇာတ်ကားများ ရွေးရန်

Damsel

2024ဇာတ်ကားWeb-dl 4K SDR

မိန်းကလေးတွေအတွက်လင်ယူမှားလို့မဖြစ်ဘူးဆိုတာကိုရှေးခတ်ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းလေးနဲ့သင်ခန်းစာပေးသွားမဲ့ Damsel ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.3 ရရှိထားပြီးကြည့်လို့ကောင်းပြီးအချိန်ပေးရတာတန်တဲ့ဇာတ်ကားတွေထဲမှာအပါအဝင်ပဲဖြစ်ပါတယ်။မင်းသမီးအယ်လိုဒီရဲ့တိုင်းပြည်မှာငတ်မွတ်ခေါင်းပါးမှုတွေကြုံနေရပြီးပြည်သူတစ်ချို့ကလဲတိုင်းပြည်ကိုစွန့်ခွာကုန်ကြပါပြီ။ဒီလိုအခက်အခဲတွေကိုဖြေရှင်းဖို့အတွက်ဘုရင်ကြီးကအော်ရီယာဆိုတဲ့တိုင်းပြည်ကကမ်းလှမ်းမှုတစ်ခုကိုလက်ခံခဲ့ပါတယ်။အဲ့ဒီကမ်းလှမ်းမှုကတော့တခြားမဟုတ်ပဲအော်ရီယာတိုင်းပြည်ရဲ့မင်းသားလေးနဲ့မင်းသမီးအယ်လိုဒီကိုလက်ဆက်ပေးဖို့ပါပဲ။ဒီလိုလက်ဆက်ခြင်းအားဖြင့်စည်းစိမ်ဥစ္စာပေါကြွယ်၀တဲ့အော်ရီယာတိုင်းပြည်ကရွှေတွေကိုရမဲ့အပြင်သမီးဖြစ်သူကပါကောင်းကောင်းမွန်မွန်တင့်တင့်တယ်တယ်နေရမှာဖြစ်တဲ့အတွက်မကြာခင်မှာပဲအယ်လိုဒီတို့မိသားစုအော်ရီယာတိုင်းပြည်ကိုသွားရောက်ခဲ့ပါတော့တယ်။ မင်္ဂလာပွဲတွေအားလုံးအဆင်ပြေပြေပြီးမြောက်ပြီးအယ်လိုဒီရဲ့မိသားစုပြန်သွားပြီးနောက်မှာတော့သူတို့အပေါ်မှာကောင်းပြနေတဲ့အော်ရီယာတိုင်းပြည်ရဲ့တော်ဝင်မိသားစုကစိတ်ရင်းနဲ့မဟုတ်ပဲတခြားအကြံအစည်ရှိနေလို့ဆိုတာသိလိုက်ရတဲ့အချိန်မှာတော့အရမ်းနောက်ကျသွားပြီးအယ်လိုဒီအတွက်အိပ်မက်ဆိုးကြီးတစ်ခုစတင်လာခဲ့ပါတော့တယ်။ဒီလိုနဲ့လင်ယူမှားပြီးဒုက္ခအကြီးကြီးရောက်သွားခဲ့တဲ့အယ်လိုဒီတစ်ယောက် ဘယ်လိုဒုက္ခနဲ့ကြုံတွေ့ရမလဲ ရှေ့ဆက်ရောဘာတွေရင်ဆိုင်ရဦးမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း