ဇာတ်ကားများ ရွေးရန်

Cabrini

2024ဇာတ်ကားWeb-dl 1080p

1890 နဲ့ 1900 ခုနှစ်တွေမှာ ဥရောပက ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကကိုရောက်လာကြပါတယ်။ သူတို့တွေဟာ အင်္ဂလိပ်လို တစ်လုံးမှမပြောတတ်ကြတာမို့ အမေရိကမှာ အခက်အခဲတွေများစွာနဲ့ ကြုံကြရပါတယ်။ ရွှေ့ပြောင်းရောက်လာကြတဲ့သူတွေမို့ အမေရိကန်တွေကလဲ ခွဲခြားဆက်ဆံကြပါတယ်။ အဲ့လိုဒုက္ခရောက်နေတဲ့သူတွေ၊ မိဘမဲ့ကလေးငယ်တွေကို ကူညီပေးဖို့အတွက် Cabrini ဆိုတဲ့ သီလရှင်တစ်ပါးဟာ အီတလီကနေရောက်လာပါတယ်။ သူမဟာ အခက်အခဲတွေကြားထဲက ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်လိုကူညီမလဲ။ အမေရိကရဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ လူတန်းစားခွဲခြားမှုတွေ၊ ကျားမခွဲခြားဆက်ဆံမှုတွေကြောင့် ဘယ်လိုအခက်အခဲတွေ တွေ့ကြုံရမလဲဆိုတာကို ကရုဏာသက်ဖွယ် ကြည့်ရမှာဖြစ်ပါတယ်။ IMDb rating မှာ 7.8/10 ထိရရှိထားပြီးတော့ Rotten tomato မှာလဲ 98% ထိရရှိထားတဲ့ တကယ်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Kyaw Khant Linn ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း