ဇာတ်ကားများ ရွေးရန်

WOMB: Women of My Billion

2021ဇာတ်ကားWeb-dl 1080p

ဒီကားလေးဟာ ၂၀၂၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ documentary ဇာတ်လမ်းလေးတစ်ခုပါ။ IMDB rating လည်း 8.1 အထိရရှိထားပါတယ်။ အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေ၊ အက်ဆစ်နဲ့ပက်ခံရတယ်ဆိုတာ အိန္ဒိတင်မကပဲ ကမ္ဘာတစ်ဝန်းမှာဖြစ်နေကြပါ။ ဒါပေမဲ့ အိန္ဒိယမှာ ဒီကိစ္စမှာ အလွန်ကိုများလွန်းလို့ ပြုပြင်လို့တောင်မရနိုင်ဘူးလို့ ထင်ကြပါတယ်။ စရီရှ်တီ ဘက်တီဆိုတဲ့ အမျိုးသမီးဟာကတော့ ဒီလိုမျိုးကိစ္စတွေပပျောက်စေနိုင်ဖို့အတွက် ၃၈၀၀ ကီလိုမီတာဝေးတဲ့ခရီးကို လမ်းလျှောက်ရင်းသူ့ဆန္ဒကိုထုတ်ဖော်ကိုလုပ်ခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် အလွှာပေါင်းစုံက အနိုင်ကျင့်ခံအမျိုးသမီးတွေနဲ့လည်းတွေ့ဆုံခဲ့ပြီး အမျိုးသမီးတွေ ပညာရလာစေဖို့၊ မျက်စိတွေပွင့်လာစေဖို့အတွက် ဟောပြောပွဲတွေလုပ်တာတွေကိုမြင်ရမှာပါ။ အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုတွေကိုခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ချင်းစီရဲ့အကြောင်းနဲ့ ဒီအရာတွေကိုသူတို့ဘယ်လိုတွန်းလှန်ခဲ့လဲ၊ ဘယ်လိုဘဝသစ်တွေစခဲ့လဲဆိုတာ ဒီဇာတ်လမ်းလေးမှာကြည့်ရှုလို့ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ စုဝင်းပြည့်ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း