ဇာတ်ကားများ ရွေးရန်

Powder

1995ဇာတ်ကားWeb-dl 1080p

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Powder လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် လူသားဆန်ခြင်းနဲ့ နည်းပညာတိုးတက်မှုအကြောင်းကို နှိုင်းယှဉ်ပြထားတဲ့ classics ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ လူသားတွေရဲ့ ရက်စက်မှု ချစ်တတ်မှုနဲ့ ခွင့်လွှတ်မှုတွေကို မြင်သာအောင် ပုံဖော်ထားပါတယ်။ ဇာတ်လမ်ူအကျဉ်းက ရဲမှူးဒက်ဟာ ယာတောအိမ်က လူအိုကြီးသေဆုံးတာကို လာစစ်ဆေးရင်း မြေအောက်ခန်းမှာ ဆယ်ကျော်သက်အရွယ်ကောင်လေးကို တွေ့ခဲ့ပါတယ်။ ထူးခြားတာက အဲ့ကောင်လေးက တစ်ကိုယ်လုံးဖြူဆုတ်နေပြီး ဘာအမွေးအမျှင်မှလည်း မပါပါဘူး။ ရဲမှူးလည်း သူ့အသိဆရာမဂျက်စီကို ခေါ်လာပြီး ကောင်လေးနဲ့ ပေးတွေ့ပါတယ်။ သူ့နာမည်ကို ပေါင်ဒါလို့ ချစ်စနိုးခေါ်ကြပြီး ငယ်ငယ်တည်းက အတူနေတဲ့ အဘိုးအဘွားစုံတွဲက မွေးစားထားတာပါ။ ပေါင်ဒါက သူ့ရဲ့အသွင်အပြင်ကြောင့် အပြင်မထွက်ဖူးဘဲ လောကကြီးအကြောင်းကို စာအုပ်တွေကနေတစ်ဆင့် လေ့လာသင်ယူခဲ့တာပါ။ ဉာဏ်လည်းအရမ်းကောင်းပြီး သူ့ IQ က သတ်မှတ်ထားတဲ့ score ထက်တောင် ကျော်လွန်နေပါတယ်။ အုပ်ထိန်းသူမရှိတော့တဲ့ပေါင်ဒါကို ဂျက်စီက ကျောင်းပို့တဲ့အခါ သူ့ရဲ့သူမတူတဲ့အစွမ်းတွေကြောင့် ကျောင်းသားတွေ လန့်ကုန်ကြတာပေါ့။ လူ့အသိုင်းအဝိုင်းမှာ ဝင်ဆန့်ဖို့ကလည်း ခက်ခဲနေပါတယ်။ သာမန်လူနဲ့မတူဘဲ ကွဲထွက်နေပြီး အထီးကျန်ဝမ်းနည်းနေတဲ့ ပေါင်ဒါက လူသားတွေကို ဘယ်လို အသိပညာပေးခဲ့မလဲ...သူ့ရဲ့ထူးခြားတဲ့စွမ်းအင်တွေနဲ့ နောက်ဆုံး ending က ဘယ်လိုဖြစ်မလဲသိချင်ရင် အခုပဲရှုစားလိုက်ကြပါလို့။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း