ဇာတ်ကားများ ရွေးရန်

Rose's War

2023ဇာတ်ကားWeb-dl 1080p

တော်လှန်ရေးမရှိခဲ့တဲ့နိုင်ငံဆိုတာခပ်ရှားရှားပါပဲ။မတရားဖိနှိပ်ခံရတဲ့နိုင်ငံတိုင်းမှာတော်လှန်ရေးတစ်ခုမဟုတ်တစ်ခုကတော့အမြဲတမ်းရှိခဲ့မှာပါပဲ။တော်လှန်ရေးဆိုတာလဲ ဆန္ဒပြတော်လှန်ရေးတွေ ငြိမ်းချမ်းစွာတော်လှန်ရေးတွေ လက်နက်ကိုင်တော်လှန်ရေးတွေအစရှိသဖြင့်မျိုးစုံရှိပါတယ်။အခုတင်ဆက်ပေးမဲ့ Rose's War ဆိုတဲ့ဇာတ်ကားထဲမှာလဲ ၁၉ ရာစုနှောင်းပိုင်းမှာအမျိုးသမီးဖိနှိပ်မှုတွေ ယောက်ျားကြီးစိုးမှုတွေမြင့်တက်နေတဲ့အချိန်မှာ ချမ်းသာတဲ့အသိုင်းအဝိုင်းကလာတဲ့ရို့စ်ဆိုတဲ့ကောင်မလေးကသူပိုင်ဆိုင်တဲ့အရာအားလုံးကိုစွန့်လွှတ်ပြီးတော်လှန်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်လာပုံတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ IMDb Rating ကလဲ 6.4 အထိရရှိထားတဲ့အတွက်ကြည့်လို့မကောင်းမှာတော့စိတ်ပူစရာမလိုပါဘူး။အထက်မှာပြောခဲ့သလိုပဲရို့စ်ကဒီလိုဖိနှိပ်မှုတွေကိုမခံနိုင်လို့တော်လှန်ရေးသမားတစ်ယောက်ဖြစ်လာခဲ့ပြီး သူတို့ရဲ့တော်လှန်ရေးနည်းလမ်းကတော့တစ်မျိုးဆန်းပါတယ်။ခရိုနီတွေလိုမျိုးနယ်ချဲ့ဝါဒကိုကျင့်သုံးတဲ့သူဌေးတွေအိမ်ကိုအနုကြမ်းစီးပြီးတန်ဖိုးကြီးပန်းချီကားတွေအကုန်လုံးကိုသိမ်းယူတဲ့နည်းလမ်းနဲ့တော်လှန်ကြတာပါ။အဲ့ဒီကမှတစ်ဆင့်ရရှိထားတဲ့ပန်းချီကားတွေကိုအသုံးချပြီးသူတို့လိုချင်တဲ့တော်လှန်ရေးပန်းတိုင်ကိုအရောက်သွားနိုင်မလားဆိုတာကိုစိတ်လှုပ်ရှားစရာအကြောင်းအရာပေါင်းများစွာနဲ့ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း