ဇာတ်ကားများ ရွေးရန်

K.G.F: Chapter 1

2018ဇာတ်ကားWeb-dl 4K SDR

နာမည်ကြီးသတင်းထောက်အာနန်အီန်ဂလာလီးက အဲလ်ဒိုရာဒိုဆိုတဲ့ စာအုပ်ကိုထုတ်ခဲ့ပေမယ့် အိန္ဒိယအစိုးရက အဲဒီစာအုပ်ကို ကော်ပီပါမကျန်အောင် အကုန်မီးရှို့ဖျက်စီးလိုက်ပါတယ်။ ဒါပေမယ့် ရုပ်ရီင်သတင်းဌာနတစ်ခုက သူ့ကိုအင်တာဗျူးပြီး စာအုပ်အကြောင်းမေးပါတော့တယ်။ သတင်းထောက်အာနန်က သူ့စာအုပ်အုပ်ထဲမှာရေးထားတဲ့ KGF နိုင်ငံအကြောင်းကို ပြောပြတဲ့ပုံစံနဲ့ ဇာတ်လမ်းကိုစထားပါတယ်။ ဆူရ်ရားဗရ်ဒါးန်က ရွှေထွက်တဲ့မြို့ကိုရှာတွေ့သွားတဲ့နေ့မှာ ရော်ကီကမွေးဖွားလာပါတယ်။ ရော်ကီရဲ့အမေက ‌မသေခင် ရော်ကီကို ချမ်းသာကြွယ်ဝတဲ့လူအဖြစ်နဲ့ပဲသေဖို့ မှာသွားခဲ့ပါတယ်။ ရော်ကီကငယ်ငယ်ကတည်း ဘုံဘေမြို့ကိုတစ်ယောက်တည်း တက်လာပြီး ဘုံဘေက နာမည်ကြီး‌‌ ရွှေအရောင်းအဝယ်လုပ်တဲ့ ဂိုဏ်နှစ်ဂိုဏ်းထဲက ရှီတ်တီးရဲ့ညာလက်ရုံးဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ရှီတ်တီးဆီကပစ္စည်းဝယ်တဲ့လူတွေက ရှီတီးကို ရော်ကီက သူ့ထက်ကျော်သွားလိမ့်မယ်ဆိုတာမျိုးတွေပြောပြီး သွေးထိုးပါတော့တယ်။ ရှီတ်တီးကလည်း အဲဒီစကားတွေကြောင့် ရော်ကီကိုရှင်းဖို့သွားတဲ့အချိန်မှာ ရှီတ်တီးကိုယ်တိုင်က ရိုသေရတဲ့ ဘန်ဂလောရ်ကနာမည်ကြီးလူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ရာဂျန်ဒရားဒေစိုင်းက ရော်ကီကိုအလုပ်အပ်ဖို့ရောက်လာတယ်။ လုပ်ခိုင်းတဲ့အလုပ်က ရွှေမြို့ပိုင်ရှင် ဆူရ်ယားဗရ်ဒါးန်ရဲ့သားဖြစ်သူ ဂရူဒါးကိုသတ်ဖို့ဆိုတော့... ရော်ကီကဂရူဒါးကိုသတ်နိုင်သွားမလား။ ကြားထဲဘယ်လိုအခက်အခဲတွေကြုံရဦးမလဲ။ KGF ဆိုတဲ့ ရွှေနိုင်ငံကရော ဘယ်လိုနိုင်ငံမျိုးလဲဆိုတာတွေကို တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းစွာနဲ့ကြည့်ရမယ့် ဇာတ်ကားဖြစ်လို့ ဒီဇာတ်ကားကိုပဲ ဆက်ကြည့်လိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Moe Nandar Aye ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း