ဇာတ်ကားများ ရွေးရန်

The Thousand Faces of Dunjia

2020ဇာတ်ကားBlu-ray 1080p

ကမ္ဘာကြီးကို ဖျက်စီးဖို့ သတ္တဝါကြီးတစ်ကောင် ပေါ်လာတဲ့အချိန်မှာ ရိုးသားကြိုးစားတဲ့ ဖိုးသခွားပုလိပ်အသစ်လေးတစ်ယောက်ဟာ ခိုင်ဖုန်းမြို့ကို ရောက်လာပါ‌တယ်။ သူဟာ အလုပ်တာ၀န်ကျေပွန်ပြီး ဖြောင့်မတ်တဲ့သူဖြစ်တာကြောင့် စခန်းထဲက လူတွေက‌တော့ သဘောမကျလို့ ‌ပေါက်ကရတာ၀န်တွေပေးပြီး လူဆိုးတွေ လိုက်ဖမ်းခိုင်းတယ်။ လူဆိုးတွေကို လိုက်ဖမ်းရင်း ပုလိပ်လေးဟာ ထူးခြားတဲ့စွမ်းအင်တွေ ပိုင်ဆိုင်တဲ့ လူတစ်စုနဲ့ဆုံဖြစ်ပါတော့တယ်။ အဲ့ဒီလူတစ်စုဟာ ဝူယင်းမျိုးနွယ်စု၀င်တွေ ဖြစ်ကြပြီး ကမ္ဘာကြီးကို သတ္တဝါဆိုးကြီးလက်ထဲကနေ ကာကွယ်နိုင်အောင် သွမ့်ကျားဆိုတဲ့ ကိရိယာတစ်ခုကို အမြဲတမ်းလိုက်ရှာနေကြပြီး သူတို့တွေရဲ့နောက်ဖြစ်လာမယ့် ခေါင်းဆောင်သစ်ဆိုသူကိုလည်း လိုက်ရှာနေကြပါတယ်။ ပုလိပ်လေးဟာ ထိုအဖွဲ့က လူတွေကို သတ္တဝါကြီးတစ်ကောင်ရဲ့လက်ထဲကနေ ကယ်တင်ပေးလိုက်တာကြောင့် ခြေတစ်ဖက်နဲ့ လက်တစ်ဖက် ဆုံးရှုံးလိုက်ရပါတော့တယ်။ Adventure, Chinese Historical Fantasy အမျိုးအစားဖြစ်ပြီး နာမည်ကြီး သရုပ်ဆောင်တွေအများကြီးပါ၀င်ကာ Nomination ၇ ခုမှာ ဆုကြီးတစ်ခု ရရှိထားပါတယ်။ စိတ်လှုပ်ရှားစရာစွန့်စားခန်းတွေကို ဟာသဆန်ဆန်နဲ ပေါ့ပေါ့ပါးပါးလေး ကြည့်လို့ကောင်းတဲ့ဇာတ်ကားမျိုးလေးပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း