ဇာတ်ကားများ ရွေးရန်

Game On

2024ဇာတ်ကားအမှတ် 6/10Web-dl 1080p

ဆစ်ဒူဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ဂိမ်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ရင်း ချစ်ရတဲ့သူ မော့ခ်ရှာ နဲ့ အသင့်အတင့်ဘဝကိုဖြတ်သန်းနေပါတယ်။ အနေအေးလှတဲ့ ဆစ်ဒူမှာ ရာဟူးလ်ဆိုတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိပြီး ဆစ်ဒူအတွက်တော့ ရာဟူးလ်ရော မော့ခ်ရှာရောကပါအရာရာပါ။ ဒါပေမဲ့ တစ်ရက်မှာတော့ မော့ခ်ရှာနဲ့ ရာဟူးလ်တို့နှစ်ယောက်ပေါင်းကာ ဆစ်ဒူရဲ့ပရောဂျက်ကိုကြားဖြတ်ခုတ်လုယူပြီး ဆစ်ဒူကိုသစ္စာဖောက်ခဲ့ကြပါတယ်။ ဆစ်ဒူဟာဆိုးရွားလှတဲ့ ကံကြမ္မာကိုကြံ့ကြံ့ခံရင်း နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်၊ သူ့ရဲ့ဘဝအကြောင်းကို ရီဝေဝေတွေးနေရင်းပဲ ဖုန်းတစ်ခုဝင်လာခဲ့ပြီး ဆစ်ဒူကိုဂိမ်းကစားရင်း ပိုက်ဆံရနိုင်မယ့်တာဝန်တွေပေးခဲ့ပါတယ်။ ပထမတော့ အသေးစားတာဝန်လေးတွေလုပ်ရင်း ဆစ်ဒူတစ်ယောက်အေးဆေးပိုက်ဆံတွေဝင်နေပေမဲ့ နောက်ပိုင်းဘယ်လိုတာဝန်တွေရလာမလဲ၊ ဒီဂိမ်းကိုစတင်သူတွေကဘယ်သူတွေဖြစ်မလဲ၊ ဆစ်ဒူတစ်ယောက် ဘယ်လိုကံကြမ္မာတွေဆက်ကြုံတွေ့ရမလဲဆိုတာတော့ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုလိုက်ပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ စုဝင်းပြည့် ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း