Romeo
Romeo ဇာတ်ကားလေးမှာတော့ လီလာဟာ နာမည်ကြီးမင်းသမီးဖြစ်လာဖို့ အမြဲအိမ်မက်နေခဲ့ပေမဲ့ စည်းကမ်းတင်းကြပ်လွန်းတဲ့အဖေကြောင့် အလုပ်လုပ်တယ်လို့ လိမ်ပြောကာ ချန်နိုင်းမှာ မင်းသမီးဖြစ်ဖို့ ကြိုးစားနေခဲ့တယ်။တစ်နေ့မှာတော့ လီလာ မင်းသမီးလုပ်နေမှန်း အဖေဖြစ်သူက သိသွားပြီးတော့ အိမ်မှာပိတ်ထားပြီး ယောကျာ်းပေးစားဖို့ စီစဉ်လိုက်ပါတော့တယ်။အာရူလ်က အသက်၃၅နှစ်ရှိတာကြောင့် မိဘတွေက အိမ်ထောင်ပြုဖို့ အတင်းတိုက်တွန်းနေပေမဲ့ အချစ်စစ်ကိုရှာဖွေချင်သေးတာကြောင့် လာကမ်းလှမ်းသမျှ သတို့သမီးတိုင်းကို ငြင်းပယ်ခဲ့တယ်။ အာရူလ်တစ်ယောက် လီလာကို မြင်မြင်ချင်းချစ်မိသွားတဲ့အချိန်မှာတော့ လက်ထပ်ဖို့ကမ်းလှမ်းချိန်မှာ သဘောတူလိုက်တော့တယ်။ချစ်ရသူနဲ့လက်ထပ်လိုက်ရလို့ ပျော်ရွင်နေတဲ့ အာရူလ်ရဲ့အပျော်တွေကို လီလာဟာ ကွာရှင်းစာချုပ်တစ်စောင်နဲ့ ဖျက်စီးပစ်လိုက်ခဲ့တယ်။လီလာနဲ့မကွာရှင်းချင်တဲ့ အာရူလ်တစ်ယောက် လီလာသူ့ကိုချစ်လာအောင် ကြိုးစားရပါတော့တယ်။လက်ထပ်ပြီးမှ မိန်းမအချစ်ရအောင် ကြိုးစားနေတဲ့ အာရူလ်တစ်ယောက်ကို လီလာပြန်ချစ်လာပါ့မလားဆိုတာကို ကြည့်ရှုကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း