The Last Stop in Yuma County
IMDb Rating 7.0 အထိရရှိထားတဲ့တော်တော်ကြည့်လို့ကောင်းတဲ့ ပြစ်မှု သည်းထိပ်ရင်ဖိုဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ The Last Stop In Yuma County ဖြစ်ပြီး ယူမာဆိုတဲ့ကောင်တီစီရင်စုကအထွက်နောက်ဆုံးကားရပ်တဲ့နေရာလေးတစ်ခုမှာဖြစ်သွားခဲ့တဲ့အဖြစ်အပျက်တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဲ့ဒီမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုပြောရရင်တော့အဲ့ဒီနေ့မနက်သာယာအေးချမ်းတဲ့အချိန်လေးမှာသမီးလေးရှိရာကိုသွားဖို့လူတစ်ယောက်ကားမောင်းလာတာကနေစရမှာပါပဲ။ခရီးသွားနေရင်းနဲ့ခုနကပြောခဲ့တဲ့နေရာကိုရောက်တဲ့အခါမှာတော့ဆီဝင်ဖြည့်မှရတော့မှာမလို့ဆီဆိုင်ကိုဝင်ခဲ့တဲ့အခါမှာ ဖြစ်ချင်တော့ဆိုင်မှာဓာတ်ဆီကတစ်စက်မှမကျန်အောင်ကုန်နေပြီး ဆီသယ်ကားရောက်လာမှာကိုစောင့်နေတဲ့အချိန်နဲ့သွားတိုးပါတော့တယ်။အဲ့ဒါနဲ့ပဲဆီဆိုင်ဘေးကစားသောက်ဆိုင်မှာသွားစောင့်နေတုန်းဘဏ်ဓားပြနှစ်ယောက်ကလဲသူ့လိုပဲဓာတ်ဆီကားလာတာကိုစောင့်ဖို့ဆိုင်ထဲဝင်ချလာပါတော့တယ်။ အဲ့ဒီလူကလည်းကားထဲမှာဘဏ်ဓားပြမှုသတင်းကိုကြားထားရတော့မျက်စိပျက်မျက်နှာပျက်တွေဖြစ်ပြီး ဆိုင်ကစားပွဲထိုးမလေးကိုပြောလိုက်တော့ ဓားပြတွေကသိသွားပြီးသူတို့ကိုပုံမှန်အတိုင်းနေပြီး ဆီကားလာတာကိုစောင့်ဖို့ခြိမ်းခြောက်ထားပါတော့တယ်။ဒီလိုနဲ့ဓားပြတွေနဲ့သူတို့နှစ်ယောက်လုံးလည်ချာလည်လိုက်နေရင်း သူတို့လိုပဲဆီဖြည့်ဖို့ဆိုင်ထဲလာကြတဲ့သူတွေတဖြည်းဖြည်းများလာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတစ်ကားလုံးပရိသတ်အာရုံကိုဖမ်းစားထားနိုင်မဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း