ဇာတ်ကားများ ရွေးရန်

Turn Back

2022ဇာတ်ကားအမှတ် 5/10Web-dl 1080p

လူသတ်မှုတစ်ခုကြောင့် နယ်စပ်ကို နယ်နှယ်ဒဏ် အပို့ခံရတဲ့ အရာရှိဟောင်းတစ်ယောက်ရဲ့ မြို့တော်သို့ အပြန်လမ်း မိန်းမဖျက် ပြည်ပျက် မဟုတ်ဘဲ တိုင်းပြည်ကို ခြေလှယ်နေတာက မိန်းမစိုးတွေ ဖြစ်နေကြသောအခါ။ ဆရာတူညီအစ်ကို နှစ်ယောက်မှာ တစ်ယောက်က ရာထူးကြီးပြီး နောက်တစ်ယောက်က ရာထူးနိမ့်ပေမယ့် အစ်ကိုကြီးတစ်ယောက်ရဲ့မေတ္တာနဲ့ အတတ်နိုင်ဆုံး ညီဖြစ်သူကို စောင့်ရှောက်ပေးခဲ့ပေမယ့်လည်း ဇာတ်မြင့်တစ်ယောက်ကို သတ်မိလို့ နယ်စပ်ကို နယ်နှင်ဒဏ်ပေးခံရတဲ့ ရိုးသားဖြောင့်မတ်သူ လုချင်းဟာ နယ်စပ်သို့ သွားရာ လမ်းမှာ မိတ်ဆွေဟောင်းတစ်ဦးနဲ့ဆုံပြီး မိတ်ဆွေနဲ့အတူပါလာတဲ့ ရာဇ၀တ်သား တစ်ယောက်ကို တရားရေးရာကို ရောက်အောင် ပို့ပေးပါမယ်လို့ မိတ်ဆွေဟောင်း မဆုံးပါးခင်မှာ ကတိပေးလိုက်ရတော့ မြို့တော်ဆီကို ပြန်လှည့်လာရပါတော့တယ်။ ကိုယ်တိုင်ပါ ရာဇ၀တ်သား ဖြစ်နေတဲ့အပြင် ပို့ဆောင်ပေးရမယ့် ရာဇ၀တ်သားကလည်း တိုင်းပြည်အတွက် ရေးပါသော သက်သေဖြစ်နေ‌ေလတော့ လုချင်းတစ်ယောက် တိုင်းပြည်ကောင်းကျိုးအတွက် တာ၀န်ထမ်းဆောင်ရပါတော့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း