ဇာတ်ကားများ ရွေးရန်

Come Back Home

2022ဇာတ်ကားWeb-dl 1080p

Shenzhen ကနေ အရှေ့မြောက်ပိုင်းက Changbai ရေခဲတောင်တွေဆီကို ခရီးထွက်လာကြတဲ့ မိသားစုလေးယောက်မှာ အဖေဖြစ်သူက ရှစ်နှစ်အရွယ်သားလေးကို ဆုံးမတဲ့အနေနဲ့ ‌အေးခဲနေတဲ့ရသီဉတုမှာ တစ်ယောက်တည်း ငါးမိနစ်လောက် ထားခဲ့ရကနေ ကလေးကပျောက်သွားခဲ့တယ်။ ရှာမတွေ့လို့ ရဲစခန်းသွားတိုင်ခဲ့ပေမယ့် တောင်ပိုင်းသားတွေကို မျက်မုန်းကျိုးနေတဲ့ရဲတွေကလည်း အေးခဲနေတဲ့ရာသီဉတုမှာ ကလေးကို တစ်ယောက်ထဲ သစ်တောထဲမှာ ထားခဲ့လို့ အယုံကြည်မရှိကြပေမယ့် ရှာဖွေရေးကို စတင်ခဲ့ကြတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးအတွက် အကောင်းဆုံးအချိန် ၂၄ နာရီကျော်ရုံသာမက ၄၈ နာရီကြာသည့်တိုင် ‌ကလေးကို ရှာမတွေ့တော့ ပိုပြီးသံသယ၀င်လာကြတယ်။ ‌အကူညီဖြစ်မလားဆိုပြီး အွန်လိုင်းပေါ်ကနေ အကူညီတောင်းလိုက်ရာကနေ ကမောက်က‌မတွေဖြစ်ပြီး ငွေညှစ်တဲ့သူနဲ့ အဖေဖြစ်သူကို သားဖြစ်သူကို သတ်ခဲ့တာဖြစ်ရမယ်ဆိုပြီးပါ ဖြစ်လာကြပြီး အခြေနေတွေ ရှပ်ထွေးကုန်ကြတယ်။ ဆိုးဝါးလွန်းတဲ့ရာသီဉတုမှာ ကယ်ဆယ်ရေးသမားတွေကပါ ခြေကုန်လက်ပန်းကျပြီး အဖေဖြစ်သူအပေါ်လည်း သံသယ‌တွေလွန်ကဲနေကြတယ်။ သားဖြစ်သူကို ရှာမတွေ့ရုံသာမကဘဲ အဘက်ဘက်ကနေ တိုက်ခိုက်ခံနေရတဲ့ သူတို့မိသားစုဘ၀မှာ ဆန်းကြယ်မှုတွေဖြစ်လာပြီး ကလေးကို ပြန်ရှာတွေ့ပြီး အိမ်ပြန်နိုင်ကြမလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှု့ခံစားလိုက်ပါ။ IP Man မင်းသားကြီးရဲ့ Donnie Yen ရဲ့သရုတ်ဆောင် ပြောင်မြောက်မှုကိုလည်း တွေ့မြင်ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း