ဇာတ်ကားများ ရွေးရန်

The Listener

2022ဇာတ်ကားWeb-dl 1080p

ဒီရုပ်ရှင်လေးက ကိုဗစ်ကာလ ၂၀၂၂ တုန်းကရိုက်ကူးခဲ့တဲ့ ဒရာမာရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်တစ်ကားလုံးကို "ဘက်"လို့အမည်ရတဲ့ ကာရိုက်တာတစ်ယောက်တည်းနဲ့ပဲ ရိုက်ကူးထားတာပါ။ ဘက် က လူမှုကူညီရေးတယ်လီဖုန်းလိုင်းတစ်ခုမှာ စေတနာ့၀န်ထမ်း၀င်လုပ်နေတဲ့သူပါ။ ဒီတယ်လီဖုန်းလိုင်းကို အထီးကျန်နေလို့ စကားပြောဖော်လိုချင်လို့ပဲဖြစ်ဖြစ်၊ စိတ်ညစ်စရာတွေရှိနေလို့ ရင်ဖွင့်ချင်ရင်ပဲဖြစ်ဖြစ်၊ ကူကယ်ရာမဲ့နေလို့ အကူအညီ၊ အကြံဉာဏ်တောင်းချင်ရင်ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းပြချက်နဲ့မဆို ဆက်လို့ရပါတယ်။ ဖုန်းခေါ်ဆိုသူကို လက်ခံပြောနေသူက မသိသလို သူတို့နှစ်ယောက်အကြားက အတွင်းရေးကိုလည်း လျှို့ဝှက်ပေးထားတာကြောင့် "ဘက်"တို့ရဲ့ဖုန်းလိုင်းဆီကို နေ့စဥ်ဖုန်းခေါ်ဆိုတဲ့သူတွေအများကြီးရှိပါတယ်။ တစ်ရက်မှာတော့ ဘက် တစ်ယောက် ညဆိုင်းအလုပ်လုပ်နေရင်းကနေ နောက်ဆုံးခေါ်ဆိုလာတဲ့ ဖုန်းခေါ်ဆိုသူဟာ ဘ၀ကိုအရှုံးပေးလိုက်ဖို့စဉ်းစားနေတဲ့သူတစ်ဦးဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ ညဉ့်နက်လာတာနဲ့အမျှ ပိုမိုနက်ရှိုင်းလာတဲ့ စကားဝိုင်းနဲ့အတူ ဘက် ဟာ အဲဒီပုဂ္ဂိုလ်ကို အားပေးကူညီပေးရင်း ကယ်တင်ပေးဖို့ရာ ကြိုးစားရပါတော့တယ်။ ဒီရုပ်ရှင်လေးထဲမှာ လူတွေရဲ့ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေ၊ အကျည်းတန်တဲ့အမှောင်ခြမ်းတွေ၊ မတူညီတဲ့အတွေးအခေါ်တွေ၊ ခံယူချက် စတာတွေကို မြင်တွေ့ရမှာဖြစ်ပြီး ဖုန်းခေါ်ဆိုသူ‌တွေနဲ့ ဘက် ရဲ့အကြားက မတူညီတဲ့စကားဝိုင်းတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Gabriel ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း