Mai
ရိုမီယို ဂျူးလီးယက်တို့ တိုက်တန်းနစ်တို့လိုမျိုး ဒရာမာရုပ်ရှင်သမိုင်းကြီးကိုတုန်လှုပ်သွားစေခဲ့ပြီး လူတွေရဲ့ရင်ထဲမှာအောင့်သက်သက်ခိုးလိုးခုလုခံစားချက်တွေကိုသေရာပါစွဲသွားနိုင်တဲ့အထိ တကယ့်ကိုကြည့်ကောင်းတဲ့ရုပ်ရှင်တွေလိုမျိုး လူတိုင်းရဲ့ပါးစပ်ဖျားမှာစွဲကျန်နေစေတဲ့ဒရာမာရုပ်ရှင်ဇာတ်ကားထပ်ထွက်ရှိလာခဲ့ပါပြီ။ဒီကားကိုရိုက်ကူးထားတာကတော့အမေရိကန်ကမဟုတ်သလို အင်္ဂလိပ်ဇာတ်ကားလဲမဟုတ်ပါဘူး။ဒါပေမယ့်ဒီဇာတ်ကားကကမ္ဘာကျော်ခဲ့တဲ့အပြင်ရိုက်ကူးခဲ့တဲ့ဗီယက်နမ်နိုင်ငံမှာလည်းနံပါတ် 1 Box Office ရရှိထားတဲ့ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ Mai ဖြစ်ပြီး လက်ရှိ IMDb Rating 6.9 အထိရရှိထားပါတယ်။ဒီ Mai ဆိုတဲ့ဇာတ်ကားလေးကိုဘာလို့အဲ့လောက်ကောင်းတယ်လို့ပြောနေရလဲဆိုရင်တော့ဒီဇာတ်ကားထဲမှာသာမန်ဒရာမာဇာတ်ကားတွေနဲ့မတူအောင် ဇာတ်သိမ်းကိုလုံး၀ကြိုတင်မှန်းဆလို့မရအောင် ဇာတ်ညွှန်းကိုရှယ်ရေးထားပြီး သရုပ်ဆောင်တဲ့ဇာတ်ကောင်တွေကလည်းအဓိကဇာတ်ဆောင်တွေကနေအစ ဇာတ်ပို့တွေအဆုံးအကုန်လုံးသရုပ်ဆောင်တွေပီပြင်ကြပြီး ခံစားချက်တွေပါလွန်းလို့ပဲဖြစ်ပါတယ်။မိုင်ဆိုတဲ့ကောင်မလေးတစ်ယောက် မြို့ကိုတက်လာပြီး အနှိပ်ခန်းတစ်ခုမှာအနှိပ်သမဝင်လုပ်ခဲ့တယ်။အဲ့ဒီမြို့မှာနေထိုင်ဖို့စျေးသက်သက်သာသာနဲ့ရတဲ့ပတ်ဝန်းကျင်မသန့်တဲ့တိုက်ခန်းတစ်ခုကိုရွေးချယ်ခဲ့တယ်။သူ့တိုက်ခန်းနဲ့မျက်နှာချင်းဆိုင်တိုက်ခန်းမှာဒူဆိုတဲ့ကောင်လေးတစ်ယောက်ရှိနေပြီးသူကတော့သူဌေးသားရေပေါ်ဆီဖြစ်တဲ့အတွက်ကောင်မလေးတွေဝိုင်းနေတာကိုသူကိုယ်တိုင်မြင်ခဲ့ရပါတယ်။ဒါပေမယ့်ဒူကတော့မိုင့်ကိုမြင်မြင်ချင်းသူ့တစ်သက်မှတစ်ခါမှမကြုံဖူးတဲ့အချစ်မျိုးနဲ့မိုင့်ကိုချစ်ခဲ့မိပြီးမိုင့်ကိုစတင်ချဉ်းကပ်ပါတော့တယ်။စစချင်းမှာတော့မိုင်ကခါးခါးသီးသီးငြင်းပေမဲ့ဒီကမ္ဘာပေါ်မှာအချစ်လောက်အင်အားကြီးတဲ့အရာမရှိတော့ချစ်သူတွေအဆင့်ကိုမြန်မြန်ပဲရောက်ရှိသွားပါတော့တယ်။ဒါပေမယ့်ကမ္ဘာပေါ်မှာအတော်ဆုံးမျက်လှည့်ဆရာဖြစ်တဲ့ကံကြမ္မာကြီးကသူတို့ချစ်သူနှစ်ယောက်ကို အလှပဆုံးလှည့်ကွက်တွေတစ်ခုပြီးတစ်ခုပြသတဲ့အခါမှာတော့ ပျော်ရွှင်နေတဲ့ချစ်သူနှစ်ယောက်ကြားမှာဘယ်လိုအလှည့်အပြောင်းတွေများစွာရင်ဆိုင်ရပြီး ဘယ်လိုမှကြိုမသိနိုင်တဲ့ဘယ်လိုဇာတ်သိမ်းမျိုးကိုကြုံတွေ့သွားရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ ဒရာမာဇာတ်လမ်းကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း