Chronicles of Evil
ဒီကားလေးက 2015ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး Park Seo Joonကိုဒီကားမှာတော့ သာမန်စုံထောက်လေးတစ်ယောက်အဖြစ်မြင်တွေ့ကြရမှာပါ။ ချွဲချန်းရှစ်ဆိုတဲ့ စုံထောက်ဟာ သမ္မတပေးအပ်တဲ့ဆုကိုချီးမြှင့်ခံရပြီး ရာထူးတိုးဖို့စောင့်ဆိုင်းနေတဲ့လူပါ။ အဲဒီအပြင် ငယ်သားတွေအပေါ် ကောင်းပေးတဲ့လူမလို့ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့လေးစားမှုကိုခံရတဲ့လူပါ။ အဲဒီလိုနဲ့ ဂုဏ်ပြုပွဲမှာ အဖွဲ့ဝင်တွေနဲ့သောက်စားပြီး တက္ကစီနဲ့ပြန်တဲ့လမ်းမှာ တက္ကစီသမားက သူ့ကိုဝေးလံတဲ့တောင်တန်းဆီခေါ်သွားပြီး ဓားနဲ့ထိုးသတ်ဖို့လုပ်ခဲ့ပါတယ်။ အဲဒီလိုနဲ့နှစ်ယောက်သား ရုန့်ရင်းဆန်ခတ်ဖြစ်ပြီး အဲဒီဓားနဲ့ပဲ တက္ကစီသမားကိုမတော်တဆထိုးသတ်ခဲ့မိပါတယ်။ အစကတော့ ရဲကိုဖုန်းဆက်မလို့ပေမဲ့ တိုက်ဆိုင်စွာပဲ အထက်လူကြီးက ရာထူးတိုးဖို့ သတင်းတွေမတက်အောင် ဂရုစိုက်ဖို့ဖုန်းဆက်လာတာမလို့ အလောင်းကိုထားခဲ့ပြီး ထွက်ပြေးခဲ့ပါတယ်။ နောက်နေ့မနက်ကျ အဲဒီအလောင်းဟာ ကရိန်းပေါ်မှာအချိတ်ခံထားရတဲ့အချိန်မှာ ချွဲချန်းရှစ်တစ်ယောက် အံ့ဩသွားခဲ့ပါတယ်။ သေသွားတဲ့လူနဲ့ချွဲချန်းရှစ်က ဘယ်လိုပတ်သက်နေခဲ့တာလဲ? ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ဘယ်သူကြိုးကိုင်နေတာလဲ ?ဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုကြရမှာပါ။ ဒီဇာတ်ကားကိုအညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း