ဇာတ်ကားများ ရွေးရန်

Poolman

2023ဇာတ်ကားWeb-dl 1080p

တစ်ချိန်ကနှုတ်ခမ်းနီမလေးတွေအသဲစွဲကြိုက်ခဲ့ကြတဲ့ အခုထက်ထိလည်းလန်းနေဆဲဖြစ်တဲ့ နာမည်ကြီးမင်းသား Chris Pine ပါဝင်ရိုက်ကူးပြီးသူကိုယ်တိုင်ဒါရိုက်တာလုပ်ထားတဲ့ Poolman ဆိုတဲ့စိတ်ဝင်စားစရာ ဟာသ လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာတော့ Chris Pine ကိုခပ်ချောချောကိုကြီးအနေနဲ့မြင်ရမှာမဟုတ်ဘဲ ရေကူးကန်သန့်ရှင်းရေးလုပ်တဲ့မုတ်ဆိတ်ကြီးတွေနှုတ်ခမ်းမွှေးတွေနဲ့သက်ကြီးပိုင်းဝင်ခါစ ဒယ်ရန်ဆိုတဲ့လူတစ်ယောက်အနေနဲ့တွေ့ရမှာပါ။သူကသူနေထိုင်တဲ့လော့စ်အိန်ဂျလိစ်မြို့ကိုအရမ်းချစ်ပြီးနည်းနည်းထူးဆန်းတဲ့လူလည်းဖြစ်ပါတယ်။Relationship တစ်ခုကိုတောင်မထိန်းသိမ်းနိုင်ပေမဲ့ မြို့ကိုထိန်းသိမ်းပေးချင်တဲ့စိတ်ဓာတ်ကတော့အပြည့်ပါပဲ။အဲ့ဒီစိတ်ဓာတ်တွေကပြင်းထန်လွန်းလို့ကောင်စီအစည်းအဝေးမှာရန်တွေထဖြစ်ပြီးရဲကိုသွားကျွတ်အောင်ထိုးလိုက်လို့ဂျေးတောင်တစ်ညအောင်းလိုက်ရပါသေးတယ်။ထောင်ကပြန်ထွက်လာပြီးညမှာတော့ကောင်စီဝင်ရဲ့အတွင်းရေးလက်ထောက်ကသူ့ဆီကိုလာအကူအညီတောင်းပါတော့တယ်။ဘာအကူအညီလဲဆိုတော့သူတို့မြို့ကြီးကိုသူ့သူဌေးဖြစ်တဲ့အဲ့ဒီကောင်စီဝင်ကပဲဖျက်ဆီးတော့မဲ့အရေးကိုတားပေးဖို့အတွက်အသွင်ယူစုံစမ်းပေးဖို့လာအကူအညီတောင်းတာပဲဖြစ်ပါတယ်။စစချင်းမှာတော့ဒယ်ရန်ကမူနေသေးပေမဲ့မြို့ကိုချစ်တဲ့လူတစ်ယောက်အနေနဲ့အဲ့ဒီကောင်စီဝင်ကိုတားဖို့အတွက်ကြိုးစားရင်းနဲ့ဘယ်လိုလျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကိုသိလာရမယ်ဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း