ဇာတ်ကားများ ရွေးရန်

Reunion

2024ဇာတ်ကားWeb-dl 1080p

ဟာသမင်းသားကြီး Lil Rey Howery ပါဝင်သရုပ်ဆောင်ထားတဲ့အရမ်းမိုက်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့သည်းထိပ်ရင်ဖိုဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Reunion ဖြစ်ပြီး IMDB Rating 5.5 ရရှိထားပါတယ်။ဇာတ်ကားလေးရဲ့ပုံစံကတော့တချို့မှုခင်းစုံထောက်ကားတွေမှာမြင်ဖူးနေကျအတိုင်းသူငယ်ချင်းတွေတစ်နေရာကိုစုသွားကြ အဲ့ဒီမှာသူငယ်ချင်းတစ်ယောက်အသတ်ခံရပြီးကျန်တဲ့လူတွေထဲကလူသတ်သမားကိုရှာကြသလိုပုံစံမျိုးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့သူငယ်ချင်းတွေစုသွားကြတဲ့နေရာကအထက်တန်းကျောင်းစုံညီပွဲပဲဖြစ်ပါတယ်။အဲ့လိုဇာတ်ကားမျိုးတွေကိုမြင်ဖူးနေကျဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကတစ်ကားနဲ့တစ်ကားမတူကြတဲ့အတွက် ဒီဇာတ်ကားရဲ့ဇာတ်လမ်းဇာတ်ကွက်တွေကလည်းဇာတ်လမ်းစကြည့်လိုက်တာနဲ့ လူသတ်သမားကိုတန်းသိရလောက်အောင်မလွယ်တဲ့အပြင် ဇာတ်သိမ်းခန်းမှဟင်ခနဲဟာခနဲဖြစ်အောင်လုပ်ပေးမဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့အထက်မှာပြောခဲ့သလိုပဲအထက်တန်းကျောင်းကသူငယ်ချင်းတွေပြန်လည်တွေ့ဆုံဖို့အတွက်စုံညီပွဲကိုသူဌေးသားသူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာလုပ်ခဲ့ပြီး ပျော်တဲ့လူတွေကပျော် နှင်းမုန်တိုင်းတိုက်လာလို့ပြန်တဲ့သူတွေကပြန်နဲ့ရှုပ်ယှက်ခတ်နေခဲ့ကြပြီးမနက်မိုးလင်းချိန်မှာတော့အဲ့ဒီအိမ်ရှင်သူဌေးသားအသတ်ခံထားရတာကို ခေါင်းမထောင်နိုင်လောက်တဲ့အထိသောက်ပြီးအဲ့ဒီအိမ်မှာညအိပ်ခဲ့ကြတဲ့သူငယ်ချင်းတွေကမြင်လိုက်ရပါတယ်။ညကတိုက်ထားတဲ့နှင်းမုန်တိုင်းကြောင့်ကားတွေလည်းမောင်းလို့မရ ဖုန်းလိုင်းတွေကလဲပြတ်နဲ့ အဲ့ဒီအိမ်ထဲမှာ သေနေတဲ့အလောင်းကြီးနဲ့သောင်တင်နေတဲ့သူငယ်ချင်းတစ်သိုက် သူတို့ထဲကလူသတ်သမားကိုရှာဖွေဖော်ထုတ်ဖို့ကြိုးစားရင်းနဲ့ နောက်ဆုံးမှာလူသတ်သမားကဘယ်သူဖြစ်နေမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့စိတ်လှုပ်ရှားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း