ဇာတ်ကားများ ရွေးရန်

Blackout

2024ဇာတ်ကားWeb-dl 1080p HDR

ဒီဇာတ်လမ်းလေးကတော့ Sting Operation Expert တယောက်ဖြစ်တဲ့ ဂျာနယ်လစ် လန်နီဒီဇိုစာရဲ့ဇာတ်လမ်းလေးပါ။ Puneဆိုတဲ့မြို့လေးမှာ ဇနီးဖြစ်သူနဲ့အတူနေထိုင်တဲ့လန်နီတယောက် တညတော့ သူ့အိမ်ကပစ္စည်းထွက်ဝယ်တဲ့လမ်းမှာ လူစိမ်းတယောက်ကိုကားနဲ့တိုက်မိရာကစပါတယ် ။ဒါကိုတွေ့သွားတဲ့အမူးသမားရဲ့ချိန်းခြောက်ခြင်းကိုခံရလေတယ် လန်နီလည်းအဖမ်းမခံချတာနဲ့အလောင်းကိုမြုပ်ဖို့ အမူးသမားရဲ့အကူညီကိုယူလိုက်ရလေတယ်။နှစ်ယောက်သားတွင်းတူးနေတဲ့အချိန်မှာပဲ YouTuberတွေဖြစ်တဲ့ “တစ်နဲ့ ထက်” တို့နဲ့ပက်ပင်းတိုးလေတယ်။သူတို့ကလည်းနှုတ်ပိတ်ခတောင်းရင်း အတူတူဝင်ပါကြလေတယ် ။ထိုအချိန်မှာပဲလူစိမ်းကအသက်ရှင်နေတာကိုတွေ့လိုက်လေတယ်..။ပြေးတဲ့လမ်းမှာ လေးယောက်သားပြသာနာတွေတခုပြီးတခုကြုံရပါတော့တယ်။ကားပျက်လို့လမ်းကြုံလိုက်ခွင့်တောင်းတဲ့မိန်းမလှလေးရှရူတီ၊ Underground Boss မူဂီအန်နာ၊ပြီးတဲ့‌နောက်လန်နီကိုအံ့ဩားသင့်စေတဲ့သတင်းကိုယူလာပေးတဲ့ စုံထောက်အာဗင်တို့လဲပါဝင်လာပါတယ် ။သတင်းကဘာဖြစ်မလဲ...? လန်နီရောပိုက်ဆံတွေရသွားလား...? Sting Operation ကရောဘာဖြစ်သွားမလဲ..? ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Honey ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း