ဇာတ်ကားများ ရွေးရန်

Tunnel

2016ဇာတ်ကားWeb-dl 1080p

ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူး ဆိုတဲ့ ကားအရောင်းအဝယ်သမားဟာ သူ့သမီးမွေးနေ့အတွက် ကိတ်မုန့်ဝယ်ပြီး အိမ်ကိုပြန်လာတဲ့လမ်းမှာ ဆီဝင်ထည့်ခဲ့ပါတယ်။ ဆီဆိုင်ကပေးလိုက်တဲ့ ရေဘူး၂ဘူးကိုယူပြီး လိုဏ်ခေါင်းတစ်ခုကိုဖြတ်တဲ့အချိန်မှာ လိုဏ်ခေါင်းပြိုကျသွားခဲ့ပါတယ်။ ကျောက်လွှာပဲပြိုတာမှတ်ပြီး ကယ်ဆယ်ရေးအဖွဲ့က ကားတစ်စီးပဲလွှတ်လိုက်ပေမဲ့ တကယ်တမ်းမှာတော့ လိုဏ်ခေါင်းတစ်ခုလုံးပြိုကျပြီး လီဂျောင်ဆူးတစ်ယောက် အထဲမှာ ပိနေခဲ့ပါတော့တယ်။ အစကတော့ သူတစ်ယောက်တည်းလို့ထင်ခဲ့ပေမဲ့ နောက်ထပ်မိန်းကလေးတစ်ယောက်ကပါ သူ့လိုဘဝတူဖြစ်နေတာမလို့ သူ့မှာရှိတဲ့ ရေလေးတွေ ခွဲတိုက်ရင်း လာကယ်မှာကိုစောင့်နေကြပေမဲ့ သူတို့ကို အချိန်မီကယ်ဆယ်နိုင်ကြပါ့မလား? လီဂျောင်ဆူးတစ်ယောက် မြေပုံထဲမှာပိနေရင်း ကိတ်မုန့်တစ်လုံး ရေ၂ဘူးနဲ့ ဘယ်လိုနှစ်ပါးဆက်သွားကြမလဲ ဆိုတာကို ဒီကားလေးမှာ ကြည့်ရှုကြရမှာပါ။ ဒီကားကိုအညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း