ဇာတ်ကားများ ရွေးရန်

Hit Man

2023ဇာတ်ကားWeb-dl 1080p

Body တောင့်တောင့်ဖြောင့်ဖြောင့်နဲ့နှုတ်ခမ်းနီမလေးတွေအသည်းစွဲဒရာမာမင်းသားတစ်ယောက်ဖြစ်တဲ့ Glen Powell ပါဝင်သရုပ်ဆောင်ထားတဲ့ Hit Man ဆိုတဲ့အက်ရှင် ဟာသဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 7.1 အထိရရှိထားပြီးပုံမှန်ကြည့်နေကျအက်ရှင်ဇာတ်ကားတွေလိုမဟုတ်ဘဲနဲ့ ထူးထူးဆန်းဆန်းဇာတ်ညွှန်းလေးနဲ့ရယ်ရယ်မောမောစိတ်ဝင်တစားကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ကျောင်းမှာအတွေးအခေါ်ပညာရပ်တွေ စိတ်ပညာတွေကိုသင်ကြားတဲ့ရိုးရိုးရှင်းရှင်းပျင်းစရာကောင်းတဲ့ဘ၀ကြီးနဲ့ဂယ်ရီဆိုတဲ့လူတစ်ယောက်ကိုတွေ့ရမှာဖြစ်ပါတယ်။သူကအပိုဝင်ငွေလေးရအောင်ရဲစခန်းမှာအသွင်ယူအလုပ်တွေကိုနောက်ကွယ်ကနေကူညီပေးတဲ့အလုပ်လုပ်ပါသေးတယ်။အဲ့ဒီအလုပ်ကပဲသူ့ဘ၀ကြီးတစ်ခုလုံးကိုပြောင်းလဲစေမယ်ဆိုတာကိုတော့ဂယ်ရီတစ်ယောက်မသိခဲ့ပါဘူး။သူကူညီဆောင်ရွက်ပေးနေရတဲ့အသွင်ယူအလုပ်ကလူသတ်ချင်တဲ့စိတ်နဲ့ကြေးစားလူသတ်သမားတွေကိုလိုက်ရှာငှားနေတဲ့လူတွေကိုအသံဖမ်းပြီးတော့ထောင်ထဲပို့ရတဲ့အလုပ်ပါပဲ။တစ်နေ့မှာတော့ကြေးစားလူသတ်သမားအဖြစ်အသွင်ယူနေရတဲ့လူကတာဝန်ကနေရပ်နားခံလိုက်ရတဲ့အတွက်ဂယ်ရီအစားထိုးဝင်ပေးဖို့ဖြစ်လာပါတော့တယ်။သူကနဂိုကတည်းကလူတွေရဲ့သဘောတရားကိုနောကျေနေတဲ့စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့အတွက်အဲ့ဒီအလုပ်နဲ့သူနဲ့အံကိုက်ဖြစ်သွားပြီးဘာလုပ်လုပ်တင့်တယ်နေပါတော့တယ်။ဒါပေမယ့်တစ်နေ့မှာတော့သူလုံး၀မထင်ထားခဲ့တဲ့ကံကြမ္မာအပြောင်းအလဲကြီးတစ်ခုကိုအသွင်ယူရင်းနဲ့ကြုံတွေ့ခဲ့ရတဲ့အခါမှာတော့သူ့ရဲ့ပျင်းစရာကောင်းတဲ့ဘ၀ကြီးကဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း