ဇာတ်ကားများ ရွေးရန်

Detective Dee: Solitary Skies Killer

2020ဇာတ်ကားWeb-dl 1080p

အထီးကျန်ဇာတာဆိုတာဟာ ဒဏ္ဍာရီတွေမှာ ပြောထားတဲ့ ဘေးအန္တရာယ်နှစ်ခုထဲက တစ်ခုဖြစ်တယ်။ အထီးကျန်ခြင်းကို ခံစားရဖို့ဇာတာပါလာတဲ့သူတွေဟာ ကံကြမ္မာကနေ တိုက်ရိုက်မခံစားရဘဲ သူတို့အနီးနားမှာ ရှိတဲ့သူ‌ေတွကို ဘေးသင့်စေတယ်။ လူတွေက သူတို့နဲ့ပတ်သတ်ဖို့ ရှောင်ရှားကြလိမ့်မယ်။ ရှားပါးဖြစ်စဉ်မှာ ကူညီခြင်းက ကောင်းချီးတစ်ခုအဖြစ် သက်သေပြနိုင်‌ေပမယ့် ဘေးအန္တရယ်ကျရောက်တာနဲ့ သောကဗျာပါဒတွေ ခံစားရတာတွေက‌နေ လွတ်မြောက်အောင် မတားဆီးနိုင်ဘူး။ လက်ခံလိုက်တဲ့အကူအညီက တစ်ပါးသူကို အစားခံစားစေရလို့ ကြီးလေးတဲ့အပြစ်ကို ဖြစ်စေတယ်။ အထီးကျန်ဇာတာနဲ့ကျိန်စာတိုက်ခံရရင် ဘ၀ဆိုတာဟာ ဘေးအန္တာရာယ်‌ေဘးဒုက္ခအတိနဲ့ ခရီးဖြစ်သွားလိမ့်မယ်။ ဒီလိုဇာတာမျိုးနဲ့မွေးဖွားလာခဲ့တဲ့ ကောင်မလေးတစ်ယောက်ဟာ မင်္ဂလာဆောင်တဲ့‌ေန့မှာ သတို့သားဘက်ကမိသားစုတစ်ခုလုံးကို သတ်ပြီးတဲ့ နောက်မှာ ကိုယ့်ကိုကိုယ်ပါ သတ်သေလိုက်တဲ့သတို့သမီးက သူ့နဲ့အပေါင်းအသင်းလုပ်ခဲ့လို့ အဖြစ်ဆိုးနဲ့ ကြံရတာလို့ လူတွေစွပ်စွဲတာကို ခံရတယ်။ နောက်တစ်ယောက်ပါ ထပ်ပြီးသေဆုံးပြန်တော့ ကောင်မလေးဟာ သူ့ကိုသူပါ တကယ့်ဂြိုလ်ဆိုးမဆိုတာကို လက်ခံလိုက်ပြီး Detective Dee ဆီမှာ သူကြောင့် သေရတာပါလို့ပြောပြီး ဖမ်းဆီးပေးဖို့ တောင်းဆိုလာတော့ Detective Dee ဟာ လူသတ်မှုအကြောင်းကို ‌အသေချာစုံစမ်းဖို့ ဖြစ်လာခဲ့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း