ဇာတ်ကားများ ရွေးရန်

Monster

2014ဇာတ်ကားWeb-dl 1080p

ဇာတ်လမ်းလေးကတော့ ဘတ်ဘို့ဆွန်းဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်ကတည်းက သင်ယူရနှေးကွေးတဲ့ကောင်မလေးပါ။ အဘွားဖြစ်သူဆုံးသွားပြီးကတည်းက ညီမဖြစ်သူကို ဈေးရောင်းကျွေးလာခဲ့တာပါ။ ဒီလိုနဲ့ သူတို့ရဲ့အိမ်ကို နာရီ ဆိုတဲ့ကလေးမလေးရောက်လာပြီးနောက်မှာ နာရီနောက်ကိုလိုက်နေတဲ့ ထယ်ဆူ ဆိုတဲ့လူက သူတို့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာခဲ့ပါတယ်။ ဘတ်ဘို့ဆွန်းတစ်ယောက် ဖြစ်လာမဲ့ဘေးကိုပြေးတွေ့ခဲ့တဲ့အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ? ထယ်ဆူက ပုံမှန်စိတ်အခြေအနေရှိတဲ့လူမဟုတ်ဘဲ သွေးအေးအေးနဲ့ လူသတ်တတ်တဲ့လူဖြစ်နေတော့ အဲဒီလူလက်ထဲကနေ ဘတ်ဘို့ဆွန်းတို့ ဘယ်လိုရုန်းကန်ကြရမလဲဆိုတာကို ဒီကားလေးမှာ ကြည့်ရှုကြပါဦးနော်။ ဒီကားလေးမှာတော့ မင်းသား Lee Min Kiနဲ့ မင်းသမီး Kim Go Eunက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထုံးစံအတိုင်း Kim Go Eunဆိုမှတော့ သရုပ်ဆောင်ချက်တွေကတော့ ပြောစရာမလိုလောက်ဘူးထင်ပါတယ်နော်။ ဒီကားလေးကိုအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း