Am I OK?
လူရယ်လို့ဖြစ်လာပြီဆိုရင်ဘ၀မှာကြုံရဆုံရမဲ့လူတွေကအမျိုးမျိုးအဖုံဖုံပါပဲ။အဲ့ဒီလူတွေထဲကမှအချစ်ဆုံးသူငယ်ချင်းဆိုတာတော့ကိုယ့်ဘ၀သက်တမ်းတစ်လျှောက်မှာအရေးအကြီးဆုံးအခန်းကဏ္ဍတစ်ခုထဲမှာပါဝင်နေပါတယ်။အဲ့လိုအချစ်ဆုံးသူငယ်ချင်းတွေနဲ့ပျော်ရွှင်မှုတွေကြုံခဲ့ရသလို ဝမ်းနည်းခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ဖူးကြမှာပါ။အဲ့လိုအမှတ်တရတွေကိုပြန်လည်သတိရသွားစေမဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Am I Ok? ဖြစ်ပြီးတော့ IMDb Rating 6.1 အထိရရှိထားပါတယ်။အဲ့ဒီအပြင်ကိုမှဒီကားထဲကသူငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်က Fifty Shades Of Grey မင်းသမီးဖြစ်တဲ့ Dakota Johnson ဖြစ်တဲ့အတွက်ဇာတ်ကားလေးကတော့ပိုကောင်းမှာအသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းလေးကတော့လူစီနဲ့ဂျိန်းဆိုတဲ့သူငယ်ချင်းနှစ်ယောက်ကငယ်ငယ်ကတည်းကအရမ်းချစ်ခဲ့ကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး လက်ရှိအချိန်မှာလည်းအရမ်းချစ်နေတုန်းပဲဖြစ်ပြီး သွားအတူလာအတူစားအတူပါပဲ။ဒါပေမယ့်တစ်နေ့မှာတော့ဂျိန်းရဲ့အလုပ်ကသူ့ကိုရာထူးတိုးပေးပြီး လန်ဒန်ကိုသွားဖို့ဖြစ်လာတဲ့အခါမှာတော့လူစီ့ခမျာငယ်ငယ်ကတည်းကသူငယ်ချင်းဖြစ်သူနဲ့တစ်ခါမှအကြာကြီးမခွဲဖူးတဲ့အတွက်ယူကြုံးမရအပူလုံးကြွတွေဖြစ်ကုန်ပါတော့တယ်။အဲ့ဒီအပြင်ကိုသူကမိန်းကလေးချင်းသဘောကျနေတဲ့သူဖြစ်ကြောင်းသူငယ်ချင်းဖြစ်သူကိုရင်ဖွင့်လိုက်တဲ့အခါမှာတော့လန်ဒန်မသွားရခင်လေးမှာတင်နှစ်ယောက်သားရန်တွေထဖြစ်ကုန်ကြတော့ပါတယ်။ဒီလိုနဲ့သူတို့သူငယ်ချင်းနှစ်ယောက်ကြားမှာဘယ်လိုတွေဆက်ဖြစ်ပြီး ဂျိန်းလန်ဒန်မသွားခင်ပြန်လည်အဆင်ပြေသွားပါ့မလား လူစီ့ရဲ့မိန်းကလေးချင်းချစ်တဲ့အချစ်ရေးကရောဘယ်လိုဆက်ဖြစ်သွားမယ်ဆိုတာကို ဟာသ ဒရာမာလေးတွေရောပြီးကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း