ဇာတ်ကားများ ရွေးရန်

Detective Dee - The Sly Red-Eye

2021ဇာတ်ကားWeb-dl 1080p

Detective Dee ငယ်ရွယ်စဉ် တပ်သားဘ၀တုန်းက တိုင်းတပါးရန်သူတွေကိုနှိမ်နှင်းဖို့ဆိုပြီး ယောင်မင်းမြို့ကို သွားဖို့ အမိန့်ကျလာခဲ့တယ်။ ယောင်မင်းမြို့ကို ရောက်သွားတော့ ရန်သူတွေရှိမနေခဲ့ဘဲ အလောင်း ၁၆ လောင်းကိုသာ တွေ့ခဲ့ရတယ်။ ခဏအကြာမှာ လူသေကောင်တစ်ယောက်က အသက်ပြန်ရှင်လာပြီး Dee တို့တပ်ဖွဲ့ကို တိုက်ခိုက်ရာ နောက်ဆုံးမှာတော့ Dee တစ်‌ယောက်ပဲ အသက်ရှင် လွတ်မြောက်ခဲ့တယ်။ နောက် ၁၅ နှစ်ကြာပြီး‌ချိန် ဖန်းကျိုးမှာ တစ်ရွာလုံး ညတွင်းချင်းအသတ်ခံလိုက်ရပြီး သေပြီးသားသူတွေက အသက်ပြန်ရှင်လာတဲ့အမှုက ဘုရင်မကြီးဆီပါ ပေါက်ကြားသွားခဲ့‌ေလ‌‌ေတာ့ ထိုအမှုကို ဘုရင်မကြီးရဲ့မွေးနေ့ပွဲတော် မတိုင်မှီ အမြန်ဆုံး အမှန်တရားဖော်ထုတ်ဖို့ Detective Dee ကို အမိန့်ပေးလိုက်တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း