ဇာတ်ကားများ ရွေးရန်

Vekhi Ja Chhedi Na

2024ဇာတ်ကားWeb-dl 1080p

Vekhi Ja Chhedi Naဇာတ်ကားမှာတော့ ကာလ်မာနဲ့အာလ်မန်တို့ဟာ လက်မထပ်ရသေးတဲ့ ညီအကို၂ယောက်ဖြစ်ပြီးတော့ အဖွားဖြစ်သူရဲ့ဆန္ဒကတော့ သူမသေခင်မှာ မြေးဖြစ်သူ၂ယောက်လက်ထပ်သွားတာကို မမြင်ရဖို့ဘဲဖြစ်တယ်။အာလ်မန်က ရုပ်ရည်ချောမောပြီး ငယ်ရွယ်သေးတာကြောင့် လက်ထပ်ဖို့ကမ်းလှမ်းသူတွေ အရမ်းများနေပေမဲ့ အကိုဖြစ်သူကာလ်မာကတော့ ရိုးရိုးအေးအေးအကျင့်စရိုက်ကြောင့် သူနဲ့လက်ထပ်ဖို့လာတဲ့ သတို့သမီးတွေအားလုံးက ညီဖြစ်သူအာလ်မန်ကိုဘဲ သဘောကျသွားကြတယ်။ကာလ်မာတစ်ယောက် လက်ထပ်ဖို့အရွယ်လွန်နေပြီဖြစ်တာကြောင့် အဖွားလုပ်သူက မြေးကြီးအတွက် သတို့သမီးလောင်းကို အမြန်လိုက်ရှာနေခဲ့တယ်။ဒါပေမဲ့ရှာသမျှသတို့သမီးလောင်းတိုင်းက အာလ်မန်ကိုဘဲ သဘောကျနေတာကြောင့် အဖွားဖြစ်သူဟာ စိတ်ဖိစီးပြီး နှလုံးရှော့ရသွားတော့တယ်။အဖွားလုပ်သူရဲ့ သေခံနီးဆန္ဒကြောင့် ကာလ်မာတစ်ယောက် ညီဖြစ်သူအာလ်မန်ရဲ့ရည်းစားနစ်ကီလ်နဲ့ လက်ထပ်ဖို့ဖြစ်လာရတဲ့အချိန်မှာတော့ အာလ်မန်တစ်ယောက်ကရော လက်ခံနိုင်ပါ့မလား။အဖွားအတွက်နဲ့ နှလုံးသားကိုစတေးပြီး ချစ်သူမိန်းကလေးနစ်ကီလ်ကို လက်လျှော့လိုက်မှာလားဆိုတာကို ကြည့်ရှူပေးကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း