ဇာတ်ကားများ ရွေးရန်

Love Me If You Dare

2014ဇာတ်ကားWeb-dl 1080p

အာဂျွန်ဟာ သရဲတွေ ၀ိဉာဥ်တွေကို မယုံကြည်သူတစ်ယောက်ဖြစ်ပြီး သရဲခြောက်တဲ့နေရာတွေကိုသွားကာ အမှုတွေကို စုံစမ်းဖော်ထုတ်နေသူဖြစ်တယ်။တစ်နေ့တော့ သူငယ်ချင်းဖြစ်သူပါရာသတ်က ဒီဗာလ်ရာဗာလ်သီဆိုတဲ့မိန်းမလှလေးတစ်ယောက်ဟာ သတ်သေသွားပြီးတော့ သရဲဖြစ်သွားတယ်ဆိုတဲ့ဇာတ်လမ်းတစ်ပုဒ်ကို အာဂျွန်ဆီကိုယူလာခဲ့တယ်။ဒီဗာလ်ရာဗာလ်သီဟာ သူကိုမြင်သွားတဲ့လူတိုင်းကို သတ်ပစ်တယ်လို့ လူတွေကြားမှာ ကောလဟာလတွေပြန့်နေတာကြောင့် အာဂျွန်ဟာ ဒီဗာလ်ရာဗာလ်သီသတ်သေသွားတဲ့တိုက်ခန်းကိုသွားရောက်စုံစမ်းခဲ့တယ်။ အာဂျွန်တစ်ယောက် ဒီဗာလ်ရာဗာလ်သီကို တိုက်ခန်းမှာမြင်ခဲ့ပြီးတော့ ဒီဗာလ်ရာဗာလ်သီကို မြင်မြင်ချင်းချစ်မိသွားခဲ့တယ်။လူတိုင်းက အာဂျွန်ကို သရဲတစ်ကောင်နဲ့ချစ်မိနေတာလို့ ထင်နေကြပေမဲ့ အာဂျွန်ကတော့ သူချစ်မိနေတဲ့ဒီဗာလ်ရာဗာလ်သီက မသေသေးဘူးလို့ ယုံကြည်နေတာကြောင့် ဒီဗာလ်ရာဗာလ်သီကိုလိုက်ရှာပါတော့တယ်။အာဂျွန်ထင်နေသလို ဒီဗာလ်ရာဗာလ်သီက မသေသေးတာလား။အာဂျွန်တစ်ယောက် သူချစ်နေတဲ့ဒီဗာလ်ရာဗာလ်သီကို ရှာတွေ့ပါ့မလားဆိုတာကို ကြည့်ရှူပေးကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း