ဇာတ်ကားများ ရွေးရန်

IF

2024ဇာတ်ကားWeb-dl 4K SDR

ဘယ်နိုင်ငံမှာဖြစ်ဖြစ်ကမ္ဘာတစ်ဝှမ်းကကလေးတိုင်းရဲ့ငယ်ဘ၀တွေမှာ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်စီတော့ရှိတတ်ကြပါတယ်။စိတ်ကူးယဉ်သူငယ်ချင်းဆိုတာသရဲကားတွေထဲကလိုမျိုးကြောက်စရာကောင်းတဲ့သူငယ်ချင်းမျိုးတွေမဟုတ်ဘဲ ကိုယ်ဝမ်းနည်းနေတဲ့အချိန် အားငယ်နေတဲ့အချိန်ကိုယ့်ကိုဖေးမအားပေးမဲ့ ကိုယ့်ရဲ့ငယ်ဘ၀တွေကိုအတူတူမျှဝေနိုင်မဲ့ချစ်စရာကောင်းတဲ့သူငယ်ချင်းမျိုးတွေကိုပြောချင်တာပါ။အခုတင်ဆက်ပေးမဲ့ နာမည်ကြီးမင်းသားကြီး Ryan Reynolds ပါဝင်သရုပ်ဆောင်ထားတဲ့ Poster မှာချစ်စရာခရမ်းရောင်အကောင်အကြီးကြီးပါဝင်တဲ့ IF ဆိုတဲ့ ဇာတ်ကားလေးကလည်းအဲ့လိုချစ်စရာကောင်းတဲ့ကိုယ့်ရဲ့ငယ်ဘ၀စိတ်ကူးယဉ်သူငယ်ချင်းတွေကိုပြန်အမှတ်ရသွားစေမဲ့ခံစားချက်မျိုးတွေကိုပေးစွမ်းနိုင်အောင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။IMDb Rating ကလည်း 6.7 အထိရရှိထားတဲ့အတွက်ကြည့်လို့ကောင်းပြီးရင်ထဲမှာတစ်ခုခုထင်ကျန်နေစေခဲ့မှာတော့အသေအချာပါပဲ။ ဘီးဆိုတဲ့ကောင်မလေးကသူ့အမေဆုံးပါးသွားပြီးမကြာခင်မှာတင်အဖေဖြစ်သူဆေးရုံတက်နေရတဲ့အဖွားဖြစ်သူနဲ့အတူတူသူ့ငယ်ဘ၀ကအိမ်လေးမှာခဏပြန်နေရပါတော့တယ်။အသက် ၁၂ နှစ်ပဲရှိသေးတဲ့အပြင်အမေကိုဆုံးရှုံးထားရတဲ့စိတ်ကြောင့်အဖေကိုပါဆုံးရှုံးရမှာအရမ်းကြောက်နေခဲ့ပါတော့တယ်။ကလေးတစ်ယောက်ဖြစ်နေပေမဲ့လည်းအဲ့လိုများပြားလှတဲ့စိတ်ဖိအားတွေကြောင့်မပြုံးနိုင် မပျော်နိုင် တမှိုင်မှိုင်ဖြစ်နေခဲ့ရပါတော့တယ်။ဒါပေမယ့်တစ်ညမှာတော့အဲ့ဒီစိုးရိမ်ပူပန်မှုတွေကပျောက်ကွယ်သွားခဲ့ပါတော့တယ်။အဲ့ဒါကတော့လူသားမဟုတ်တဲ့အကောင်လေးတစ်ကောင်သူ့အပေါ်ထပ်ကအခန်းထဲကိုပြေးသွားတာကိုတွေ့လိုက်ရတာနဲ့တင်စတင်ပါတယ်။အဲ့ဒါကြောင့်ကလေးပီပီစပ်စုရင်း အဲ့ဒီအကောင်လေးအပြင် IF(စိတ်ကူးယဉ်သူငယ်ချင်း) လို့ခေါ်တဲ့တခြားအကောင်တွေလည်းရှိနေပြီး အဲ့ဒီစိတ်ကူးယဉ်သူငယ်ချင်းလေးတွေရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်တွေကိုနက်နက်ရှိုင်းရှိုင်းသိလာရတဲ့အခါမှာတော့ဘီးရဲ့ဘ၀ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုကြည့်ရှုရမဲ့ ဟာသ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း