ဇာတ်ကားများ ရွေးရန်

Misbehavior

2016ဇာတ်ကားWeb-dl 1080p

ဘတ်ဟျိုဂျူ ဆိုတဲ့ဆရာမဟာ ယာယီဝန်ထမ်းအနေနဲ့ ကျောင်းကစာချုပ်သက်တမ်းတိုးတာကို စောင့်နေရတဲ့ဆရာမပါ။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဆရာမဟာ မီးဖွားခွင့်နဲ့မလို့ အဲဒီဆရာမရဲ့အတန်းမှာ အတန်းပိုင်အဖြစ်ကိုင်ရပါတယ်။ အဲဒီလိုနဲ့ အတန်းထဲက ရှင်းဂျယ်ဟာဆိုတဲ့ ကောင်လေးက ဘဲလေးအကဝါသနာပါတဲ့သူမလို့ သတိထားမိသွားပါတယ်။ သူအမြဲတမ်းဝန်ထမ်းမဖြစ်ခင်မှာပဲ လွတ်နေတဲ့နေရာကို ချူဟယ်ယောင်း ဆိုတဲ့ဘုတ်အဖွဲ့ဝင် ဥက္ကဋ္ဌကြီးရဲ့သမီးက ဝင်ယူသွားတာမလို့ စပြီးအမြင်ကတ်ပါတော့တယ်။ ချူဟယ်ယောင်းက သူ့ကိုခင်လို့ ကပ်ပေမဲ့ သူကတော့ မနာလိုနေခဲ့ပါဘူး။ ဒီလိုနဲ့ ညဘက်အတန်းတွေစတဲ့အချိန် အားကစားခန်းမှာ တီးလုံးသံကြားတာမလို့ တိတ်တိတ်လေးသွားကြည့်ရင်း ချူဟယ်ယောင်းနဲ့ ကျောင်းသားရှင်းဂျယ်ဟာတို့ ဘာလိုလိုဖြစ်နေတာကို တွေ့ခဲ့ရပါတော့တယ်။ အစကတည်းက အမြင်မကြည်နေတဲ့ ဘတ်ဟျိုဂျူဟာ အဲဒီကိစ္စကိုဖော်ပစ်မယ်ဆိုပြီး ချူဟယ်ယောင်းကိုခြိမ်းခြောက်ပြီး ရှင်းဂျယ်ဟာ ဆိုတဲ့ကောင်လေးကိုစပြီး ချဉ်းကပ်ပါတော့တယ်။ ဒီလိုနဲ့သူတို့၃ယောက်ကြား ၃ပွင့်ဆိုင်ဇာတ်လမ်းတွေဘယ်လိုဆက်သွားမလဲဆိုတာရယ် မနာလိုစိတ်ရဲ့ကြောက်စရာကောင်းပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ ဒီကားလေးကိုအညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း