The Scent
ဂန်ဆွန်းဝူဆိုတဲ့ရဲဟာ အိမ်ထောင်ရှိရက်နဲ့ အထက်လူကြီးရဲ့မိန်းမနဲ့ဖောက်ပြန်ပါတယ်ဆိုပြီး ရာထူးဆိုင်းငံ့ခံရပါတယ်။ အလုပ်နားနေတုန်းမှာ အခကြေးငွေယူပြီး အိမ်ထောင်ရေးဖောက်ပြန်မှုလိုက်ဖမ်းတဲ့ အေဂျင်စီကို ဖွန်း ဆိုတဲ့လက်ထောက်နဲ့ အလုပ်လုပ်နေခဲ့ပါတယ်။ တစ်ရက်ကျအလုပ်လာအပ်တဲ့ ဂင်ဆူဂျင်း ဆိုတဲ့အမျိုးသမီးရဲ့ယောက်ျားကို ဖောက်ပြန်တာဖမ်းဖို့ဆိုပြီး သူတို့တည်းနေတဲ့အခန်းရဲ့ဘေးခန်းမှာ သွားနေနေခဲ့ပါတယ်။ ဂင်ဆူဂျင်းက မဖမ်းရဲတော့ဘူး ဆိုပြီး ဘီယာတစ်ဘူးသောက်ရင်း သူ့ကိုပါ ဘီယာတိုက်လာပါတယ်။ ဘီယာသောက်ပြီး ရီဝေနေတုန်းမှာ ဂင်ဆူဂျင်းက နမ်းလာပေမဲ့ သူကတော့ မူးလဲပြီး ဘာမှမမှတ်မိတော့ပါဘူး။ နိုးလာတဲ့အချိန်မှာ ဘေးမှာ ဂင်ဆူဂျင်းအိပ်နေတယ်ထင်ပြီး စကားတွေပြောရင်း သွေးတွေစမ်းမိမှ သေနေတဲ့ ဂင်ဆူဂျင်းကိုမြင်ပြီး သွေးပျက်သွားပါတော့တယ်။ အော်သံကြားလို့ တစ်ဖက်ခန်းကိုသွားကြည့်ချိန်မှာလည်း ဖောက်ပြန်တဲ့လူက ကုတင်ပေါ်မှာသေနေခဲ့ပါပြီ။ အော်နေတဲ့မိန်းမကို မေးကြည့်တဲ့အခါမှာတော့ သူ့နာမည်ကလည်း ဂင်ဆူဂျင်း ဖြစ်နေပြီး သေသွားတဲ့လူက သူ့အမျိုးသားပါတဲ့။ ဂန်ဆွန်းဝူနဲ့ ဂင်ဆူဂျင်းတို့ ဘယ်သူသတ်သွားမှန်းမသိတဲ့ အလောင်း၂လောင်းကို ဘယ်လိုရှင်းကြမလဲ? အလောင်း၂လောင်းကိုသတ်တာကရော ဘယ်သူဖြစ်နေမလဲ ? ဆိုတာကြည့်ရှုကြရမှာပါ။ ဒီကားလေးမှာ လီဂွမ်ဆူက ဖွန်းအဖြစ်သရုပ်ဆောင်ထားပါတယ်။ Thriller comedyကားလေးမလို့ ကြည့်ရတာရသတစ်မျိုးရစေမှာပါ။ ဒီကားကိုအညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Huihui ပါ။
ဇာတ်လမ်းအကြောင်း