Maharaj
အခုတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်ထွက်တမီးလ်ဘာသာစကားပြော မှုခင်းဒရာမာ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် IMDb rating 6.2 အထိသာ ရရှိထားပေမဲ့လည်း တကယ််ကြည့်မယ်ဆိုရင်တော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားလေးကိုတော့ Malhotra P. Siddharth ရိုက်ကူးပေးထားပြီးတော့ Sharvari Wagh, Jaideep Ahlawat, Shalini Pandey တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ် ဒီဇာတ်ကားလေးကတော့ ၁၈၆၀ ခုနှစ်ဝန်းကျင်က အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အမှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ပြုပြင်ရေးဝါဒီသမား ကာရ်ဆန်ဒါ့စ်ဟာ ဟိုလီပွဲတော်မှာ ပါဝင်ဆင်နွှဲရင်း သူရဲ့ဇနီးလောင်းလေး ကီရှိုရီဟာ ယာဒူနာ့သ် မဟာရာ့ဂျ် ခေါ် ဂျေဂျေဆိုတဲ့ လူကြီးနဲ့ ရိုးရာဓလေ့ပြုလုပ်တယ်ဆိုပြီး အြမတ်ထုတ်ခံလိုက်ရပါတယ် တကယ်တော့ ယာဒူနာ့သ်ဟာ ဘာသာရေးကို အကြောင်းပြပြီး အပျိုစင်မိန်းကလေးတွေကို အြမတ်ထုတ်နေတဲ့လူတစ်ယောက်ပဲ ဖြစ်ပါတယ် ဒီကိစ္စကြောင့် ကာရ်ဆန်ဟာ ကီရှိုရီနဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်သလို ကီရှိုရီတစ်ယောက် မဟာရာ့ဂျ်ရဲ့ တကယ့်အမှန်တရားကို သိလိုက်ရတဲ့ အချိန်မှာ အရှက်ကြီးရှက်ပြီး အရှက်နဲ့ အသက်ကို လဲရင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါတော့တယ် ကီရှိုရီရဲ့ သေဆုံးရတာကို တရားမျှတမှု ရှာပေးချင်တဲ့ ကာရန်ဆန်တစ်ယောက် မဟာရာ့ဂျ်အကြောင်း ဆောင်းပါးတွေရေးရင်း အသရေဖျက်မှုနဲ့ ရင်ဆိုင်လာရတဲ့အခါ ဘာတွေများ ဆက်ဖြစ်သွားမလဲ လူထုကရော သူပြောတာတွေကို လက်ခံနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ Kaelyn ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း