ဇာတ်ကားများ ရွေးရန်

Office

2015ဇာတ်ကားအမှတ် 6/10Web-dl 1080p

ဇာတ်လမ်းအစမှာတော့ ဂင်ဗြောင်ဂုဆိုတဲ့မန်နေဂျာဟာ ရုံးကနေ​ သူ့အိမ်ကိုပြန်လာပြီး ထမင်းစားပြီးနောက် အိမ်က တူကိုထုတ်လာပြီး မိန်းမ သားနဲ့အမေဖြစ်သူကိုရိုက်သတ်ပြီး ဝရမ်းပြေးဖြစ်သွားခဲ့ပါတယ်။ စုံထောက်ကတော့ သူ့ရဲ့ရုံးမှာ သွားစုံစမ်းခဲ့ပေမဲ့ တစ်ရုံးလုံးဆီကနေ ဂင်ဗြောင်ဂုက ရိုးသားတာမလို့ ဒီလိုလုပ်စရာအကြောင်းမရှိဘူး ဆိုတာချည်းပဲ ကြားလာရလို့ အကျပ်တွေ့နေခဲ့ပါတယ်။ ဒီလိုနဲ့ ရုံးက အလုပ်သင်ဝန်ထမ်း လီမီရယ်ကိုတွေ့ပြီး ဂင်ဗြောင်ဂုနဲ့ပတ်သက်တဲ့တစ်ခုခုများသိရမလားဆိုပြီး စကားနှိုက်ကြည့်ပေမဲ့ ဘာကိုမှမသိခဲ့ရပါဘူး။ တကယ်တော့ ဂင်ဗြောင်ဂုက မန်နေဂျာပေမဲ့ ရုံးကသူ့ကို ပစ်ပယ်ထားကြတာပါ။ ရုံးက ဒါရိုက်တာနဲ့ လက်ထောက်ဒါရိုက်တာတို့ကတော့ ဂင်ဗြောင်ဂုနဲ့ပတ်သက်ပြီး တစ်ခုခုဖုံးကွယ်ထားတာမလို့ အဲဒီအကြောင်းကိုထပ်စုံစမ်းရင်း ဘာတွေတွေ့လာရမလဲ? ဂင်ဗြောင်ဂုက ဘာလို့အိမ်ကလူတွေကိုသတ်သွားခဲ့တာဖြစ်မလဲ? ဝရမ်းပြေးဂင်ဗြောင်ဂုက ဘယ်လိုတွေထပ်မွှေသွားမလဲ ? ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ ဒီကားလေးမှာတော့ ရုံးတွင်းဖြစ်လေ့ဖြစ်ထရှိတဲ့ ကြီးနိုင်ငယ်ညှင်းဖြစ်ရပ်ကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ ဒီကားကိုအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း