ဇာတ်ကားများ ရွေးရန်

The Boy and the Heron

2023ဇာတ်ကားWeb-dl 1080p

‌Anim‌e လောကမှာနာမည်ကြီးဖြစ်တဲ့ My Neighbor Totoro တို့ Spirited Away တို့ Castle in the Sky တို့လိုရုပ်ရှင်တွေကိုထုတ်လုပ်ခဲ့တဲ့ Studio Ghibli ကနေထပ်မံတင်ဆက်လိုက်တဲ့ Anime Fan တွေကြားဖူးနေလောက်ပြီဖြစ်တဲ့ The Boy and the Heron ဆိုတဲ့ Animatio ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။Studio Ghibli က Spirited Away နဲ့ပထမဆုံးအော်စကာဆုရခဲ့ပြီး ဒီ The Boy and the Heron တဲ့ဇာတ်ကားလေးနဲ့ဒုတိယမြောက်အော်စကာဆိုကိုဆွတ်ခူးသွားခဲ့တာပဲဖြစ်ပါတယ်။ကောင်းရောကောင်းပါ့မလား အချိန်ပေးကြည့်ရတာရောတန်ပါ့မလားဆိုပြီးစိတ်ပူနေတဲ့သူတွေအတွက် IMDb Rating 7.6 , Rotten Tomatoes 97% တို့အပြင်ထုတ်တဲ့ Studio နဲ့ရထားတဲ့ဆုတွေကိုကြည့်ပြီးရဲရဲကြီးသာကြည့်လိုက်ပါလို့ပြောချင်ပါတယ်။ဒီဇာတ်ကားလေးမှာ စွန့်စားခန်း စိတ်ကူးယဉ် ဒရာမာအစရှိသဖြင့်ရသပေါင်းစုံပါဝင်နေပြီးထုံးစံအတိုင်း Animation လှလှလေးတွေ ရှုခင်းလှလှလေးတွေနဲ့စိတ်ဝင်တစားကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။မဟိတိုဆိုတဲ့ကောင်လေးတစ်ယောက်ကိုအခြေခံဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။သူ ၁၂ သားအရွယ်မှာမိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရပြီး ဖခင်ဖြစ်သူနဲ့အတူတူတိုကျိုမြို့ကိုပြောင်းရွှေ့ကာမိထွေးဖြစ်သူနဲ့အတူတူ ၃ ယောက်သားနေထိုင်ခဲ့ပါတော့တယ်။ဒီလိုနဲ့တိုကျိုမြို့ကသူနေထိုင်တဲ့ကိုရောက်တဲ့အခါမှာဗျိုင်းအောက်ငှက်လေးတစ်ကောင်ပေါ်လာခဲ့ပြီးမဟိတိုရဲ့အမေအသက်ရှင်နေသေးကြောင်းကိုမဟိတိုကိုလာပြောခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူ့အမေကိုပြန်တွေ့ချင်ရင်သူ့နောက်ကိုလိုက်ခဲ့ဖို့မဟိတိုကိုအဲ့ဒီဗျိုင်းအောက်ငှက်ကပြောခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒါကိုမယုံကြည်ခဲ့တဲ့မဟိတိုကတော့ငြင်းလွှတ်ခဲ့ပါတယ်။အဲ့လိုပြောပြီးရက်ပိုင်းအတွင်းမှာပဲသူ့မိထွေးပျောက်သွားတဲ့အတွက် မဟိတိုတစ်ယောက်လိုက်ရှာရပါတော့တယ်။အဲ့လိုလိုက်ရှာရင်းနဲ့မှသူ့အိမ်နားကဗျိုင်းအောက်ငှက်နဲ့ပြန်တွေ့ခဲ့ပြီးနောက်မှာသူ့ဘ၀ရဲ့အကောင်းဆုံးစွန့်စားခန်းတွေကိုမဟိတိုတစ်ယောက်တွေ့ကြုံကျော်ဖြတ်ရပုံတွေကိုစိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ကြည့်ကိုကြည့်သင့်တဲ့ဂန္တဝင် Animation တစ်ခုဖြစ်လာမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း