ဇာတ်ကားများ ရွေးရန်

Family Star

2024ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2024 ခုနှစ်ထွက် မိသားစုဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးအကြောင်းပြောပြရရင်တော့ လူလတ်တန်းစားမိသားစုလေးထဲက ဒုတိယမြေးဖြစ်တဲ့ ဂိုဗာဒန်ဟာ မိသားစုကို အလွန်ချစ်ခင်ပြီး မိသားစုအတွက်ဆို ဘာမဆို လုပ်ပေးမဲ့ လူစားမျိုးပါ သူဟာ ဗိသုကာပညာရှင်ကိုမှ လူပျိုကြီးဖြစ်နေပေမဲ့ သူ့အစ်ကိုနဲ့ ညီရဲ့ ကလေးတွေထိန်းရင်း တစ်မိသားစုလုံး တာဝန်ကိုယူထားပါတယ် တစ်နေ့မှာတော့ သူနေတဲ့ အိမ်ကို အင်ဒူးဆိုတဲ့ ကောင်မလေးက လာငှားနေပါတော့တယ် အင်ဒူးကလည်း ဒီမိသားစုလေးနဲ့ ခင်မင်ရင်းနှီးအောင်လုပ်ပြီး သူတို့မိသားစုအကြောင်းကို စာတမ်းပြုစုရာကနေ အင်ဒူးတစ်ယောက် ဂိုဗာဒန်နဲ့ ချစ်မိသွားပေမဲ့ စာတမ်းအကြောင်း ဂိုဗာဒန် သိသွားတော့ အထင်အမြင်တွေ လွဲမှားကုန်ပါတော့တယ် အဲဒီနောက်မှာ ဂိုဗာဒန်တစ်ယောက် ထင်ရာစိုင်းပြီး ကျားရှေ့မှောက်လျက်လဲဆိုသလိုတွေပါ ဖြစ်ရင်း အဆုံးသတ်မှာ အင်ဒူးနဲ့ ပြန်အဆင်ပြေသွားပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားမှာ ကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ Kaelyn ပဲဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း