ဇာတ်ကားများ ရွေးရန်

Breathe

2024ဇာတ်ကားWeb-dl 1080p

အောက်ဆီဂျင်မရှိတော့ဘဲ ပြောင်းလဲသွားတဲ့ကမ္ဘာကြီးမှာ အသက်ရှင်သန်ဖို့ ကြိုးစားရတဲ့ သားအမိနှစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ မာယာဆိုတဲ့မိခင်နေရာက သရုပ်ဆောင်ကတော့ အော်စကာဆုရ မင်းသမီး Jennifer Hudson ဖြစ်ပါတယ်။ ဇိုရာတို့နေထိုင်တဲ့ကမ္ဘာမှာ သက်ရှိတွေ အပင်တွေမျိုးတုန်းသွားပြီး လေမရတော့တဲ့အတွက် ဇိုရာ့အဖေအင်ဂျင်နီယာက O2 ထုတ်စက် တီထွင်ပြီး မြေအောက်မှာ အသက်ဆက်ရှင်ခဲ့ကြပါတယ်။ တစ်နေ့မှာ သူ့အဘိုးဆုံးသွားပြီး ဇိုရာ့အဖေက မြေမြှုပ်ပေးဖို့ ခရီးထွက်သွားပါတယ်။ အဲ့တည်းက ဇိုရာတို့ဆီ ပြန်မလာတော့ပါဘူး။ အမြဲတကျက်ကျက်နဲ့ ရန်ဖြစ်တတ်တဲ့ ဇိုရာတို့ သားအမိနှစ်ယောက်က လုပ်စရာရှိတာတွေလုပ်ပြီး စောင့်မျှော်နေပေမယ့် မထင်ထားတဲ့ ဧည့်သည်တွေရောက်လာတဲ့အခါ... သူတို့နေရာကို ကျူးကျော်လာတဲ့ သူစိမ်းတွေက ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲ...ဇိုရာ့အဖေက မြေမြှုပ်ပေးဖို့ပဲ ထွက်သွားတာ ဟုတ်ရဲ့လားဆိုတာ ဆက်အားပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း