ဇာတ်ကားများ ရွေးရန်

0.0 Mhz

2019ဇာတ်ကားWeb-dl 1080p

ပရလောကသားတွေနဲ့ Horror ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက်ညဖက်မီးပိတ်စောင်ခြုံပြီးကြည့်စရာကားလေးတစ်ကားတိုးစေဖို့ 2019 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ 0.0 Mhz ဆိုတဲ့ကိုးရီးယားသရဲကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့ဇာတ်ကြောင်းကတော့ရိုးရိုးရှင်းရှင်းလေးပေမဲ့ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်ကိုပေးစွမ်းနိုင်တာကိုတော့တွေ့ရမှာဖြစ်ပါတယ်။ဟန်ဆောဆိုတဲ့အင်ဂျင်နီယာကျောင်းသားတစ်ယောက်က ပရလောကသားတွေကိုစိတ်ဝင်စားသူတစ်ယောက်ဖြစ်ပြီးတော့ ပရလောကသားတွေအကြောင်းစာရေးရတာကိုစိတ်ဝင်စားသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့်သူရေးလက်စစာကိုပြီးအောင်လက်စမသတ်နိုင်တဲ့အတွက်ကိုယ်တိုင်ပရလောကသားတွေနဲ့ကြုံတွေ့ရဖို့အတွက်အတန်းဖော်ဖြစ်သူ ဆိုဟီးဆိုတဲ့ကောင်မလေးနဲ့ ဇာတ်ကားနာမည်အတိုင်း 0.0Mhz ဆိုတဲ့သရဲရှာဖွေရေးအဖွဲ့အစည်းတစ်ခုထဲကိုဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့အဖွဲ့ထဲကိုရောက်သွားပြီးတဲ့နောက်မှာတော့ပရလောကသားတွေရှိတယ်ဆိုပြီးနာမည်ဆိုးနဲ့နာမည်ကြီးနေတဲ့ကြောက်စရာကောင်းတဲ့အိမ်ကြီးထဲကိုအဖွဲ့သားတွေအတူတူစူးစမ်းလေ့လာဖို့ထွက်ခွာခဲ့ကြပါတော့တယ်။အကုန်လုံးကကျောင်းသားအရွယ်လူငယ်တွေပဲဆိုတော့စူးစမ်းချင်စိတ်အပြည့်နဲ့သွားခဲ့ကြပေမဲ့သူတို့ဘ၀တွေကိုပြောင်းလဲသွားစေဖို့ကံကြမ္မာဆိုးတွေစောင့်နေတာကိုမသိကြတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ Horror ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း