ဇာတ်ကားများ ရွေးရန်

Silent Hill: Revelation

2012ဇာတ်ကားBlu-ray 1080p

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Silent Hill: Revelation လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် Silent Hill ရဲ့နောက်ဆက်တွဲ ရှာရွန်ရဲ့ဆယ်ကျော်သက်ဘဝမှာ အိပ်မက်ဆိုးနေရာကို ပြန်ရောက်သွားတဲ့ ဇာတ်အိမ်ဖြစ်ပါတယ်။ ပထမကားမှာ ရှာရွန်နဲ့သူ့အမေက အိမ်ပြန်ရောက်လာပေမယ့် အမှန်တော့ ရှာရွန်ကိုကယ်ဖို့ သူ့အမေက Silent Hill မှာကျန်ခဲ့ပါတယ်။ ကလေးဘဝကမှတ်ဉာဏ်တွေပျောက်သွားတဲ့ ရှာရွန်က ကားမတော်တဆမှုမှာ မိခင်သေဆုံးပြီး သူပဲရှင်ခဲ့တာလို့ပဲ သိထားပါတယ်။ အဖေဖြစ်သူဟယ်ရီနဲ့အတူ အကြောင်းတစ်ခုကြောင့် ဟိုဟိုဒီဒီပြောင်းရွှေ့နေထိုင်ရင်း နာမည်တွေလည်းပြောင်းခဲ့ပါတယ်။ ဒါမဲ့ ရှေ့ပိုင်းက နတ်ဆိုးအလက်ဆာက တစ်ဖန်ပြန်ပေါ်လာပြီး အလက်ဆာကို မီးရှို့စတေးခဲ့တဲ့ အဖွဲ့က ရှာရွန်ကို Silent Hill ဆီပြန်ခေါ်ဖို့လိုအပ်နေတဲ့အခါ... ဒီတစ်ခေါက်မှာရော ရှာရွန်က သူတို့လက်ကနေ လွတ်မြောက်ပါဦးမလား...အလက်ဆာနဲ့ ပြန်တွေ့ရင် ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်အားပေးကြပါဦးလို့။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း