Garudan
အရမ်းချစ်ကြတဲ့ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အာဒီနဲ့ကာရူနာ...။ တစ်ယောက်ကိုထိရင် ကျန်တစ်ယောက်နဲ့ပါငြိမယ်ဆိုတဲ့အတိုင်း သိပ်စည်းလုံးကြတဲ့သူငယ်ချင်းနှစ်ယောက်ရယ် ကာရူနာကိုဘုရားလိုကိုးကွယ်မတတ်သစ္စာရှိတဲ့ မိဘမဲ့ချိုကန်ရယ်... တစ်ရက်မှာ သူတို့တာဝန်ယူထားတဲ့ဘုရားကျောင်းရဲ့ အပိုင်မြေကွက်တစ်ကွက်ကို မျက်စိကျနေတဲ့၀န်ကြီးတစ်ယောက်က ဒီမြေနဲ့ပတ်သက်သမျှ သတင်းတွေစုံစမ်းပြီး မြေစာချုပ်ကိုအပိုင်ရဖို့ကြံပါတော့တယ်။ "ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ကိစ္စတွေက မြေကွက်၊ မိန်းမနဲ့ငွေ... ဒီသုံးမျိုးကြောင့် ဖြစ်ရတာပဲ" လောဘသားကောင်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် သိပ်ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက် ဘာပြဿနာတွေကြုံပြီး ဘယ်လိုတွေဖြေရှင်းကြမလဲ။ သစ္စာရှိလှတဲ့ချိုကန်ကရော သူ့သစ္စာတရားကိုထိန်းသိမ်းဖို့ ဘာမဆိုပေးဆပ်လေမလား။ လူကောင်းတွေနစ်နာရတဲ့အချိန်မှာ ကောင်းစားနေတဲ့လူဆိုးတွေကရော တစ်ဖန်ဝဋ်ပြန်ခံရလေမလား။ ဘယ်လိုလှည့်ကွက်တွေနဲ့ရော ကြုံတွေ့ရဦးမလဲဆိုတာကို ရင်တနင့်နင့်နဲ့ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း