ဇာတ်ကားများ ရွေးရန်

Latency

2024ဇာတ်ကားWeb-dl 1080p

အနာဂတ်ရဲ့ ခေတ်မီနည်းပညာတွေနဲ့ ဘေးထွက်ဆိုးကျိုးတွေကို တစေ့တစောင်း မြင်တွေ့ရမယ့် အသစ်စက်စက် Thriller, Horror ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာရော စာရေးဆရာရောက James Croke ဖြစ်ပြီး သူ့ရဲ့ပထမဆုံးလက်ရာဖြစ်ပေမယ့် ချီးကျူးခံနေရတဲ့အတွက် ကြည့်သင့်ပါတယ်။ Pro gamer တစ်ယောက်ဖြစ်ပြီး သူ့မိခင်ဆီကအ‌မွေ ဆက်ခံထားရတဲ့ Agoraphobia (တံခါးဖွင့်ရမှာ အပြင်ထွက်ရမှာ အလွန်အမင်းကြောက်သောရောဂါ)ခံစားနေရတဲ့ ဟန်နာ...သူ့ရောဂါကြောင့် မိခင်ဖြစ်သူဆုံးသွားပြီးတည်းက ဂိမ်းတွေပဲကစားပြီး အခန်းအောင်းနေခဲ့ပါတယ်။ အဲ့အတွက် သူ့အတွက်ဈေးဝယ်ပေးတာတွေ အမှိုက်ပစ်တာတွေ ...စတဲ့ဝေယျာဝစ္စတွေကို အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဂျန်က လုပ်ပေးခဲ့ပါတယ်။ တစ်ရက်မှာ CNEX ဆိုတဲ့ဂိမ်းကုမ္ပဏီက သူတို့ရဲ့ပစ္စည်းသစ် အွမ်နီရာကို ဈေးကွက်ထဲမကြေညာခင် ဟန်နာကို စမ်းသပ်ဖို့ ပို့ပေးလိုက်ပါတယ်။ အဲ့စက်က ခေါင်းပေါ်မှာတပ်ထားရပြီး ဦးနှောက်လှုပ်ရှားမှုကို ဖတ်ရှုလေ့လာပြီးတော့ တုံ့ပြန်ချိန်ကိုတိုးစေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့အချိန်မှာ ဆုကြေးများများရမယ့် ဂိမ်းပြိုင်ပွဲကြီးရှိတာကြောင့် ဟန်နာက ဒီစက်ကို သုံးပြီး အနိုင်ရအောင် လုပ်ပါတော့တယ်။ ဒါမဲ့ တဖြည်းဖြည်းနဲ့ သူကလက်တွေ့လောကနဲ့ကင်းကွာလာပြီး အွမ်နီရာက သူ့ကိုထိန်းချုပ်နေသလိုမျိုး ခံစားမိလာတဲ့အခါ....နဂိုကမှ ရောဂါရှိတဲ့ဟန်နာတစ်ယောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံရမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း