ဇာတ်ကားများ ရွေးရန်

Pariah Volume 1: Every Street Dog Has a Name

2024ဇာတ်ကားအမှတ် 8/10Web-dl 4K SDR

ဒီတစ်ခေါက်မိတ်ဆက်ပေးမဲ့ အက်ရှင်ဇာတ်လမ်းလေးကတော့ "Pariah"ဆိုတဲ့ သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီီဇာတ်လမ်းလေးရဲ့ ထူးခြားချက်ကဘာလဲဆိုရင် ဇာတ်လမ်းကျောရိုးဟာ လမ်းဘေးခွေးလေးတွေကို အဓိကအသားပေးထားတာပဲဖြစ်ပါတယ်။ ခွေးချင်းအတူတူတောင် တန်ဖိုးကြီးအိမ်မွေးခွေးတွေနဲ့ လမ်းဘေးခွေးတွေကို ဆက်ဆံကြပုံချင်း ကွာပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ အဲ့ဒီအချက်ကို ပီပြင်အောင်ဖော်ပြထားပါတယ်။ ထူးဆန်းတဲ့နောက်ကြောင်းရာဇဝင်နဲ့ လူတစ်ယောက်ဟာ စားနေကျဆိုင်တစ်ဆိုင်မှာရှိတဲ့ခွေးလေးကို သနားမိရာက သံယောဇဉ်တွယ်သွားခဲ့တယ်။ သူကိုယ်တိုင်အသားမစားပေမဲ့ အသားမှစားချင်တဲ့ အဲ့ဒီခွေးလေးအတွက် ဈေးထဲက အသားဝယ်လာခဲ့ပေးတဲ့အချိန်မှာပဲ ဆိုင်ရှင်ရော ခွေးလေးတစ်အုပ်ရော ရက်ရက်စက်စက်အသတ်ခံလိုက်ရတာကို သိလိုက်ရပါတော့တယ်။ ဒီလိုတရားမားမမျှတမှုတွေကို အသာကြည့်မနေနိုင်တဲ့ အဲ့ဒီလူဟာ ခွေးတရားမဝင်ရောင်းဝယ်ရေးလုပ်ငန်းမှန်သမျှကို သွားသောင်းကျန်းပြီး ခွေးလေးကိုရှာပုံတော်ဖွင့်ပါတော့တယ်။ တချို့ကတော့ သူ့ကို "ခွေးတစ်ကောင်အတွက်နဲ့ လူတောင်သတ်တာပဲ"လို့ သမုတ်ကြသတဲ့လေ။ ဒီလူထူးဆန်းဟာ ဘယ်သူလဲ။ ခွေးတစ်ကောင်ကို ဘာလို့များအပူတပြင်းလိုက်ရှာနေတာလဲ။ ဒီတရားမဝင်လုပ်ငန်းကြီးရဲ့နောက်ကွယ်မှာရော ဘယ်သူတွေရှိနေသလဲ။ ဒီလူမဆန်တဲ့လူတွေက ဒီခွေးလေးတွေကို ဘာအတွက်အရောင်းမဝယ်လုပ်နေကြသလဲ။ ဒီကမ္ဘာမြေပေါ်မှာ လူသားတွေရော တိရစ္ဆာန်တွေပါ အတူယှဉ်တွဲနေထိုင်ကြတာဖြစ်တဲ့ ဒီကမ္ဘာမြေဟာ လူသားတွေရော တိရစ္ဆာန်တွေအတွက်ပါ နားခိုရာနေရာလေးတစ်ခုဖြစ်ကြောင်း မီးမောင်းထိုးပြထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုနဲ့ပတ်သက်ပြီး ပညာပေးရသလေးတစ်ခုလည်းပါဝင်တဲ့အတွက် အချိန်ပေးရကျိုးနပ်စေမှာတော့သေချာပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း