ဇာတ်ကားများ ရွေးရန်

Mayurakshi

2017ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိပြီး Atanu Ghosh ရိုက်ကူးထားတဲ့ ဘင်္ဂါလီဇာတ်ကားလေးဖြစ်တဲ့ Mayarakshi ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ Soumitra Chatterjee နဲ့ Prosenjit Chatterjee တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ အသက် ၈၄ နှစ်အရွယ် အငြိမ်းစားပရော်ဖက်ဆာဆူရှိုဘန်နဲ့ နိုင်ငံခြားမှာနေတဲ့ သက်လတ်တန်းအရွယ် သားဖြစ်သူ အာယာနီးလ်တို့ အကြောင်းကို ရိုက်ကူးပေးထားတာပါ။ အာယာနီးလ်က ဦးနှောက်နဲ့ ပတ်သက်ပြီး ကျန်းမာရေးမကောင်းတဲ့အပြင် တခြား နာမကျန်းမှုတွေပါ ခံစားနေရတဲ့ အဖေဆီကို ချီကာဂိုနေ ကိုလ်ကာတာကို ပြန်လာခဲ့ရင်း အဖေနဲ့ အချိန်တူတူကုန်ဆုံးကြမဲ့ ဇာတ်လမ်းမျိုးကို မြင်တွေ့ရမှာပါ။ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေအတွက် အာယာနီးလ်က ဘာတွေများ လုပ်ပေးမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ Kaelyn ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း